အခန်း (၁) အမြဲလှနေတဲ့ အလှတရားတပါး

2.2K 76 4
                                    

Unicode Version ❗

အမြဲလှနေတဲ့ အလှတရား

နေထွက်လာတော့ မြစ်မျက်နှာပြင်ပေါ်မှာ နေရောင်ကြောင့် ‌ရွှေရောင်လှိုင်းတွန့်တွေ ထနေတယ်။ မြစ်ရေစီးကြောင်းက တံတားအောက်ကနေ တဖြည်းဖြည်းစီးဆင်းနေချိန် ကောင်းကင်မှာ ငှက်တွေကလည်း ပျံဝဲနေတယ်။ နေရောင်ကြောင့် နိုးလာတဲ့ သားရဲတကောင်လို မြို့တော်က တဖြည်းဖြည်း လှုပ်လှုပ်ရှားရှားနဲ့ အသက်ဝင်လာတယ်။

ဩဂုတ်လ ၊ ကျန်းချန်

ပူပြင်းတဲ့ နွေရာသီရောက်လာပြီ။ ပိုင်ကျင်းရှီကတော့ သူ မြို့ ရဲ့ အပူဆုံးနေရာမှာ နေနေရတာ သေချာတယ်။ ဆူဆဲနိုက်ကလပ်ရဲ့ အနောက်လမ်းကြားမှာ သူ ဗန်ကားထဲ တနေ့ လုံး ထိုင်ပြီး အပူခံနေရတယ်။ သူ့ရဲ့‌စေးကပ်ကပ် ဆံပင်တေွကို လည်ပင်းကချွေးတွေနဲ့ ကပ်မှာစိုးလို့ စိတ်ပျက်ပျက်နဲ့ သပ်လိုက်တယ်။ သူ့ဘေးနားက ကျိုးရှောင်ချွမ်က ပြောတယ်။

"နေရတာ အဆင်မပြေရင် ဆံပင်အရှည်မထားသင့်ဘူး။ ခေါင်းဆောင် ခင်ဗျား ကိစ္စသေးသေးလေးတွေမှာတော့ ခေါင်းမာဖို့ လိုလို့လားဗျာ။"

ပိုင်ကျင်းရှီက ယဲ့ယဲ့လေးပြုံးလိုက်ပြီး ပြန်မဖြေဘူး။ ပိုင်ကျင်းရှီ နှလုံးသားထဲမှာတွေးနေတာက

"ဟုတ်တယ် ငါကခေါင်းမာတယ် တဖက်တည်းကိုပဲ တွေးတယ်။ ငါက ခရိုင်ရဲဌာနရဲ့ အလှလေး တီဗီမှာတောင် ပါဖူးသေး။ ငါ့ပုံရိပ်က တကယ်ကို အရေးပါတာ။ အဲ့တော့ နင် တော်လိုက်တော့"

သူတို့ နှစ်ယောက်လည်း ဘာမှဆက်မပြောဖြစ်ဘဲ နေရာမှာ ချွေးတရွှဲရွှဲနဲ့ ဆက်စောင့်နေလိုက်တယ်။ တရားမဝင်လိင်ကျွန်ပြုမှုကို တိုက်ဖျက်ရန်ဆိုတဲ့ ဒီတခေါက်မစ်ရှင်ကို မြို့တော်ရဲတပ်ဖွဲ့နဲ့ အနီးပတ်ဝန်းကျင်က ရဲအရာရှိတွေ ပူးပေါင်းပြီးဆောင်ရွက်တာ။

ပိုင်ကျင်းရှီနဲ့ ကျုံးရှောင်ချွမ်က မှုခင်းစုံထောက်တွေဆိုပေမယ့် ကွမ်းဟူရဲစခန်းမှာက လူအင်အား သုံးဆယ်မကျော်ဘူး။ အဲ့ဒါကြောင့် မစ်ရှင်အကြီးစားတွေ ရှိတဲ့အခါမျိုးဆို ရာထူးကြီးကြီးငယ်ငယ် အကုန်လုံးရဲ့ ကိစ္စပဲ။ ဒီနေ့ သူတို့ ဒီပတ်ဝန်းကျင်က တရားမဝင် လိင်ကျွန်ကူးသန်းမှု၊ မူးယစ်ဆေးနဲ့ လောင်းကစားမှု လုပ်တယ်လို့ သံသယရှိတဲ့ နိုက်ကလပ်ကို ရှာဖွေဖမ်းဆီးဖို့တာဝန်ကျတယ်။
တဖြည်းဖြည်းနဲ့မှောင်လာပြီ။

Memory Lost by Ding Mo ( Hiatus )Where stories live. Discover now