ဒယ်ဂူ၊ကိုရီးယားနိုင်ငံ၊1990ခုနှစ်။
တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်၏အကူအညီနဲ့ သစ်ပင်ရိပ်အောက်မှာစာဖတ်နေသည့် ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးဂျွန်ဂျောင်ကု။
ဂျောင်ကု၏တစ်နေ့တာမှာမပါမဖြစ်လုပ်ငန်းစဉ် တစ်ခုကစာအုပ်ဖတ်ခြင်းပင်။စာအုပ်ဖတ်တာကို ဝါသနာထုံတဲ့ဂျောင်ကုကစာရေးတာကိုလဲ နှစ်သက်သလိုနာမည်ကြီးစာရေးဆရာ
တစ်ယောက်ဖြစ်ဖို့အထိကိုရည်ရွယ်ချက်ရှိသည်။ဆယ်ကျော်သက်အရွယ်မှာပြောင်းလာခဲ့ရတဲ့ ဒယ်ဂူမြို့ကသူတို့ပတ်ဝန်းကျင်မှာနှစ်ထပ်အိမ်တွေသာရှိပြီး
သူသူငါငါအားကြိုးမာန်တက်ကြိုးစားနေကြသည့်
လူလတ်တန်းစားတွေသာ။ဂျောင်ကုစာအုပ်ဖတ်နေတုံး ကြားလိုက်ရသည့် အသံပိစိလေးတစ်ခု။
"ဂျောင်ကု..."
အသံလာရာကိုလှမ်းကြည့်တော့ရင်ညွှန့်နား
လောက်ထိသာရှိတဲ့ သစ်သားခြံစည်းရိုးကို
အမှီပြုပြီး သူ့ကိုကြည့်နေတဲ့ဘေးအိမ်က
သူ့ရဲ့Hyung ကင်မ်ထယ်ယောင်း...။ထယ်ယောင်းကဂျောင်ကုထက်ငါးနှစ်ပိုကြီးပေမဲ့
လူကောင်ကတော့မဆိုစလောက်လေးသာပိုကြီးသည်။"Hyung ခိုက်မိအုံးမယ် သစ်သားတွေက
ချွန်နေတာကို..."သူပြောတဲ့စကားကိုမျက်မှောင်ကြီးကျုံ့ကာ မျက်စောင်းထိုးပစ်သည့်Hyungက
အကြီးလို့ပင်မထင်ရ။"ဟွန်း....အဲ့ဒီပျင်းစရာစာအုပ်တွေဖတ်နေပြန်ပြီလား။"
ဂျောင်ကုကိုင်ထားတဲ့စာအုပ်ထူထူကိုကြည့်ကာ ပျင်းရိပျင်းတွဲသက်ပြင်းချပြီးပြောတဲ့ ထယ်ယောင်းက စာအုပ်ဖတ်ရတာကိုဝါသနာမပါမှန်းသိသာလွန်းသည်။
"အဲ့ဒါလဲအနုပညာတစ်ခုဘဲHyungရဲ့။"
သူသူငါငါအပြိုင်ကြိိုးစားနေကြတဲ့
ခေတ်ကြီးမှာထယ်ယောင်းတို့အိမ်ကလဲအဆင်ပြေပုံ
မရ နေ့နေ့ညညရန်ဖြစ်သည့်အသံတွေနဲ့သာ။အိမ်ကဆူညံသံတွေထွက်လာတိုင်း အိမ်ပြင်ထွက်ထိုင်နေတတ်သည့်ထယ်ယောင်းက ကလေးပေါက်စလေးတွေအလား...။