နာကျင်စေသောအမှန်တရား

2.1K 307 71
                                    

ဂျောင်ကုထယ်ယောင်းကိုမွေးနေ့ပွဲအတွက်ဖိတ်ပြီးပြီ
ဆိုပေမဲ့မွေးနေ့မတိုင်ခင်ထယ်ယောင်းရဲ့ရုပ်လေးကို မြင်ချင်နေမိသည်။ထယ်ယောင်းနဲ့ဂျောင်ကုကတစ်ပတ်
တစ်ခါသာတွေ့ခွင့်ရတာမဟုတ်လား။

ဂျောင်ကုရဲ့အစီစဉ်ကထယ်ယောင်းကိုသူ့မွေးနေ့
ပြီးတာနဲ့ ထိုအိမ်ကြီးကနေခေါ်ထုတ်သွားမယ်။
သူ့အစွမ်းအစနဲ့ အဖေဆီမှာအလုပ်လုပ်မယ်။
စိတ်ဒဏ်ရာတွေနဲ့ထယ်ယောင်းကို အချစ်တွေနဲ့ ပြန်လည်ကုစားပေးမယ်။ သူချစ်ရတဲ့သူ့Hyungကို လက်ထပ်ယူမယ်။

ဂျောင်ကုရဲ့အတွေးတွေထဲမှာတော့စိတ်ကူးယဉ်လေးတွေက
အစီအစဉ်တစ်ကြ နေရာယူထားပြီးပြီဖြစ်သည်။
ဂျောင်ကုရဲ့မွေးနေ့ကမနက်ဖြန်ဆိုရင်ရောက်တော့မှာ ဖြစ်ပေမဲ့သူမစောင့်နိုင်တော့ပေ။ သူ့Hyungကို
ထိုအိမ်ကြီးကနေခေါ်ထုတ်သွားချင်ပြီ။

သူရင်ခုန်နေတဲ့အကြောင်းကိုရင်ဖွင့်ဖို့အတွက် ဂျောင်ကုရဲ့ခြေလှမ်းတွေကထယ်ယောင်းတို့ခြံရှေ့ ရောက်လာခဲ့သည်။ခြံတံခါးကလူခေါ်ခေါင်းလောင်းလေးကို တီးလိုက်ပြီးမကြာမှီမှာဘဲ ထယ်ယောင်းကအိမ်ထဲက ထွက်လာခဲ့သည်။

ခြံရှေ့မှာတက်ကြွနေတဲ့ဂျောင်ကုရဲ့ပုံစံကြောင့် ထယ်ယောင်းမှာစိတ်ညစ်နေသည့်ကြားထဲပြုံးမိ
သွားသေးသည်။ခြံတံခါးကိုဖွင့်ပေးပြီး ဂျောင်ကုကို
ကြည့်ရင်း ထယ်ယောင်းကအတတ်နိုင်ဆုံးပြုံးပြလိုက်ကာ...

"ဂျောင်ကု ဘာဖြစ်လို့တုန်း "

ဂျောင်ကုထယ်ယောင်းရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ခြံပြင်ကိုဆွဲခေါ်လိုက်သည်။

"Hyung ကိုမနက်ဖြန်ဒီအိမ်ကြီးကနေ ကျနော်ခေါ်ထုတ်သွားရမှာမို့လို့ကျနော် အရမ်းပျော်နေတယ်။"

ဂျောင်ကုရဲ့စကားကိုထယ်ယောင်းကရေးရေးလေးသာ ပြုံးပြပြီး...

"အင်း ဂျောင်ကုကီလေးတောင် ၂၁နှစ်ပြည့်ပြီနော်"

"Hyung ကလဲ ဘာဂျောင်ကုကီလေးလဲ ကျနော်ကလေးမဟုတ်ပါဘူးနော်။"

မျက်နှာလေးဆူပုတ်ကာပြောသည့်ဂျောင်ကုကို ထယ်ယောင်းမှာအသဲတယားယားဖြစ်ရပြန်သည်။
ကလေးပုံလုပ်ကာကလေးမဟုတ်ဘူးလို့ပြောနေသည်ကိုး။

𝑅𝑒𝑢𝑛𝑖𝑜𝑛||𝑇𝑎𝑒𝑘𝑜𝑜𝑘||✓✓[90'ˢ ᴠɪʙᴇ] [Completed]Où les histoires vivent. Découvrez maintenant