Coffee ☕ & Cake 🍰
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရှင်းဆာရပ်ကွက်က အနောက်တိုင်းစတိုင် ကော်ဖီဆိုင်လေး။ တစ်ဆိုင်လုံးကို အဖြူရောင်အပါးစလေးတွေချည်း ခပ်လွင်လွင် အသုံးပြုထားကာ စားပွဲပေါ်လေးမှာ တင်ထားတဲ့ ဖယောင်းတိုင်ရှည်ရှည်တို့ဟာ romantic ဆန်စွာ......
ဧရိယာမကျယ်ပေမယ့် ခမ်းနားမှုနဲ့ နွေးထွေးမှုကို ခံစားရစေတာကြောင့် တစ်စတစ်စ နာမည်ကြီးလာ၏။ဆိုင်တံခါး အပြင်ဘက်က Close ဆိုတဲ့ ဆိုင်းဘုတ်အသေးလေးကို Open ဘက်သို့ လှည့်ပြောင်းလိုက်တဲ့ Baekhyun က မျက်နှာလေးပြုံးနေ၏။ ထို့နောက် ဆိုင်ထဲ ဝင်မလာသေးပဲ ဆိုင်ပတ်ဝန်းကျင်ကို အပြုံးလေးနဲ့သာ တစ်ချက် ဝေ့ကြည့်နေသည်။ အဖြူရောင် shirt လက်ရှည်လေးနဲ့ Baekhyun က မြင်လိုက်တာနဲ့ ရှင်းသန့်နေပြီး နွေးထွေးသွားစေ၏။ နို့နှစ်ရောင် အသားအရေကလည်း ဘုရားပေးတဲ့ ဆုလာဘ်ဖြစ်ပေလိမ့်မည်။
ထိုပုံစံလေးကို ဆိုင်ကောင်တာကနေ Chanyeol က မြတ်မြတ်နိုးနိုး လှမ်းကြည့်နေ၏။ သူ့အမျိုးသားလေးက စင်စစ် အကြည်ဓါတ်လေး....
သူကြည့်နေတုန်း ဆိုင်ထဲ ပြန်ဝင်လာတဲ့ hyun က သူ့ကိုမြင်တော့ ခေါင်းလေးငုံ့ကာ ရယ်လေသည်။ သူ့အကြည့်စူးစူးတွေနဲ့ ဆုံတိုင်း ရင်ခုန်တယ်လို့ ပြောဖူးတဲ့ hyun က စတွေ့တဲ့အချိန်ကတည်းက မပြောင်းမလဲ အရှက်သည်းတတ်သေးတာ..." Yeol .... ဘာလို့ လူကို လိုက်ကြည့်နေတာလဲ "
ကောင်တာထဲ သူပါ ဝင်လာရင်း အသံတိုးတိုးနဲ့ ငြူစူသည်။ နေ့တိုင်းနီးပါး အခေါက်ပေါင်းများစွာ ကြားနေရတဲ့ မေးခွန်းပေမယ့် Chanyeol ကလည်း အကြိမ်တိုင်း ပြန်ဖြေတတ်သည်။
" ချစ်လို့ပေါ့ ကိုယ့်အမျိုးသားရဲ့ "
သူ့လို ခပ်တိုးတိုးလေး ကပ်ပြောလိုက်တော့ hyun က ရယ်သည်။ တွေ့တာ မကြာသေးခင်မှာပဲ လက်ထပ်ဖြစ်ပြီး အိမ်ထောင်သက် ၂ လ ကျော်လေးသာ ရှိသေးသည်မို့ ကြင်စဦးပီပီ အရာရာက ကြည်နူးဖွယ်အတိ။ ချစ်ရတဲ့သူနဲ့ နေ့တိုင်းနီးပါး အတူရှိနေပြီး ကိုယ် ဝါသနာပါရာကိုလည်း လုပ်ခွင့်ရှိနေတာ အရင်ဘဝက ကောင်းတာ လုပ်ခဲ့လို့ဖြစ်မည်။