Extra 2

599 62 7
                                    

[UNICODE ]

"မမ...မမ လို့"

"ဟင်...အင်း...ဘာလို့လဲ ကလေး ဗိုက်နာလို့လား မမကားသွားထုတ်လိုက်မယ်"

လက်မောင်းလေးကိုလှုပ်ခါနှိုးတော့ နိုးလာတဲ့
Jennieက မျက်လုံးတွေပွတ်ရင်း ကပြာကယာပြောလာသည်။ young အတင်းဆွဲကာဖြင့် ကုတင်ပေါ်ပြန်ဆွဲချရသည်။

"နေပါအုံးမမရဲ့ young ဗိုက်မနာပါဘူး ဗိုက်ဆာနေတာ"

"ဘယ်လို"

မျက်မှောင်ကြုတ်ပြီးကြည့်လာတာကြောင့်
young နှုတ်ခမ်းလေးစူကာ ခပ်စောင့်စောင့်ကလေးပြောမိ၏။

"ဘာလဲ အာ့တာက ငြိုငြင်တဲ့ပုံစံလား"

"အာ မဟုတ်ပါဘူး ကလေးရာယ် မမကငြိုငြင်စရာလား "

ထိုတော့မှအတင်းကာရော ခပ်ပြုံးပြုံးဖြင့်ရှင်းပြလာသည်။ မျက်စောင်းကြီးပဲ တစ်မိနစ်လောက်ထိုင်ထိုးနေပြီးမှ ရင်ခွင်ထဲသို့အသာခို၀င်လိုက်တော့ အလိုက်သင့်လေးထွေးကာပွေ့လာသည်။

"ဗိုက်ဆာတယ်ဆို ဘာစားချင်လဲ...ဟင်..."

Young ရဲ့ဆံနွယ်စတွေကို သပ်တင်ရင်း
နဖူးကိုအနမ်းပေးကာ ပြောလာခြင်းဖြစ်သည်။

"သခွားသီး...သခွားသီးစားချင်တယ် မမ"

‌ရင်ခွင်ထက်ဆီမှာပင်ခေါင်းလေးမော့ကာဖြင့်တောင်းဆိုမိသည်။

"အယ်...မဖြစ်ပါဘူး သခွား‌သီးက လေစာတွေ ခုချိန်စားရင် လေထိုးနေမယ်"

"ဟင့်အင်း မရဘူး young သခွားသီးပဲစားချင်တာ"

"တခြားဟာစားလေနော် မမလုပ်ကျွေးမယ် သခွားသီးတော့မစားပါနဲ့"

"အာ ရဘူး young သခွားသီးပဲစားချင်လို့ဆို"

ငိုမဲ့မဲ့ပြောလာတဲ့ young က တကယ်ငိုချပစ်တော့မည့်ပုံပင်။

"ကလေးရာယ် တခြားဟာစားပါနော် မမကိုယ်တိုင် လုပ်ပေးမယ်"

"မရဘူး young သခွားသီးပဲစားမှာ သခွားသီးပဲကျွေး"

"young!"

Jennie ခပ်ဆတ်ဆတ်ကလေးအော်လိုက်တော့
ငြိမ်သွားကာ ကြောင်ကြည့်နေသည်။

Crusĥ 💭Where stories live. Discover now