//Scroll Down for Zawgyi//
Happy 2nd Year Anniversary Chen Qing Ling…💛
I hope y'all enjoy…
This is my first time writing romance with no drama so it’s quite challenging for me…This story has no exact role..
You can imagine as you like..This is my present for hensel_17
အစက wattpadမှာမတင်တော့ဘူး
လုပ်ထားပေမဲ့.. ဒီနေ့မှာ အမှတ်တရ
ဟန်းဆယ်က တင်ခိုင်းလို့
တင်လိုက်ပါတယ်… ဟီးး><시작하자 ✨
သူ့နာမည်က ရှောင်းကျန့်
ရှောင်းကျန့်က ဘယ်လိုလူမျိုးလဲဆိုရင်
သူ ပြုံးလိုက်ရုံနဲ့တောင်
မိန်းကလေးတွေရင်ထဲကို ဝုန်းဒိုင်းကျဲသွားစေနိုင်တဲ့လူမျိုးကျွန်တော်က မိန်းကလေး
တစ်ယောက်ေတာ့မဟုတ်ပါဘူးဒါပေမဲ့ သူရဲ့ နှစ်လိုဖွယ်အပြုံးတွေထဲမှာ
ထောင်ချောက်မိခဲ့တဲ့လူတွေထဲမှာတော့
ကျွန်တော်လည်း ပါဝင်နေခဲ့ပါတယ်...သူရှိတဲ့နေရာတိုင်းမှာ ကျွန်တော်က
အမြဲရှိနေတတ်တယ်ဘုရားသခင်က ကျွန်တော်တို့နှစ်ယောက်အတွက်
ဘယ်လို ဆုံစည်းမှုမျိုးကိုမှ
မဖန်တီးပေးတဲ့အခါမှာ ကျွန်တော်ကိုယ်တိုင်ကပဲ
ရှောင်းကျန့်နဲ့ ဆုံစည်းခွင့်ရဖို့
ကြိုးစားခဲ့ပါတယ်ပြီးတော့ ကျွန်တော်ရဲ့ တစ်ဖက်သတ်
ဆောင်ရွက်မှုတွေကိုတော့ 'တိုက်ဆိုင်မှု'
ဆိုပြီး နာမည် ခပ်ပါးပါးလေးတပ်ထားလိုက်တယ်တကယ်တိုက်ဆိုင်တာ မဟုတ်မှန်းကိုတော့
သူရယ် သူနဲ့ရှောင်းကျန့်ကို
ဆုံစည်းခွင့်မပေးတဲ့ဘုရားသခင်ရယ်ပဲ
သိပါလိမ့်မယ်ဒါပေမဲ့ သူကိုတွေ့လိုက်တိုင်း
မျက်ခုံးတစ်ဖက်ပင့်လို့ပြုံးပြတတ်တဲ့ ရှောင်းကျန့်ရဲ့ပုံစံကိုကြည့်ရရင်အင်း...သူလည်းပဲ ဒါဟာတိုက်ဆိုင်မှု မဟုတ်မှန်းသိနေလောက်ပါရဲ့
'ဝမ်ရိပေါ် မင်းအသံသိပ်ကောင်းတာပဲ'လို့
သူငယ်ချင်းတွေက ချီးကျူးဖူးတယ်
YOU ARE READING
𝑩𝒆𝒔𝒕 𝑷𝒂𝒓𝒕
Fanfiction𝑯𝒂𝒑𝒑𝒚 𝑻𝒘𝒐 𝒚𝒆𝒂𝒓𝒔 𝒂𝒏𝒏𝒊𝒗𝒆𝒓𝒔𝒂𝒓𝒚 𝒘𝒊𝒕𝒉 𝑪𝒉𝒆𝒏 𝑸𝒊𝒏𝒈 𝑳𝒊𝒏𝒈.. 𝒕𝒉𝒊𝒔 𝒊𝒔 𝒎𝒚 𝒑𝒓𝒆𝒔𝒆𝒏𝒕 𝒇𝒐𝒓 @𝒉𝒆𝒏𝒔𝒆𝒍_17