I (belong to him)

401 81 6
                                    

Unicode

''ချန်းယောလ် လက်တွေနာတော့မယ်လို့!''

အလိုမကျတာမဟုတ်ဘဲ စိတ်ပူပြီးဆူငေါက်တဲ့အသံစူးစူးလေးကြောင့် ချန်းယောလ်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။

သူ ဒီဆည်းလည်းလေးနဲ့အတူရှိတာ တစ်လပြည့်ခဲ့ပြီ။
အချိန်တွေကပဲအကုန်မြန်နေတာလား ချန်းယောလ်ကပဲ အချိန်တွေကိုသတိမထားမိလိုက်အောင် ပျော်ရွှင်နေခဲ့တာလား
မေးခွန်းအတွက်ချန်းယောလ်မှာဖြေစရာရယ်လို့မရှိခဲ့...။

"ပြီးပြီအကိုရဲ့!''

ပစ္စုပ္ပန်မှာသာ အာရုံတွေကိုစုစည်းလိုက်ပြီး ကျန်တာဘာမှမတွေးတာကောင်းမည်ဟု စဥ်းစားလိုက်သည်။
သူ
ဒီအခိုက်အတန့်ကိုပျော်သည်။

အကိုဆိုတဲ့ ကောင်လေးနဲ့အတူရှိရတာ
တစ်ခါမှမရဖူးတဲ့နွေးထွေးမှုတွေရရှိတာ
စိတ်ပူပေးခြင်းတွေခံရတာ
ချန်းယောလ်တကယ်ပျော်သည်။

အခုလို ချန်းယောလ်နောက်ကို တကောက်ကောက်လိုက်နေတာလေးတွေ
ပူညံပူညံလုပ်နေတာလေးတွေကို ခုံမင်မိသည်။

ချန်းယောလ်နဲ့စာရင် လူကောင်သေးနေသည့် မျက်ဝန်းကျဥ်းကျဥ်းပိုင်ရှင် ထိုကောင်ငယ်လေးအပေါ် ''သာမာန်ခံစားချက်''ဖြစ်တည်နေတယ်လို့ပြောရင် ချန်းယောလ်ညာနေတာပဲဖြစ်မှာပင်။

အခုလောလောဆယ်တော့ ချန်းယောလ်ဘာဆက်လုပ်ရမယ်ဆိုတာ တကယ်မသိပါ။

"ငါမြင်နေပြန်ပြီချန်းယောလ်"

လက်ဖျံပေါ်ပေပွနေသည့်ရွှံ့တို့ကို ချန်းယောလ်ဆေးပစ်နေတုန်း အကိုကချန်းယောလ်အနားကပ်ကာ ခပ်တိုးတိုးဆိုလာသည်။

မြင်အပ်မမြင်အပ်တွေကို မြင်နေရတယ်ဆိုသည့်အကိုက အခုလည်းမြင်နေရတာဖြစ်မည်။
ချန်းယောလ် အကို့ကိုယ်စားဖြစ်လို့ရရင်ဖြစ်လိုက်ချင်၏။

"အိမ်ထဲဝင်တော့အကို''

သူလက်ညှိုးညွှန်ပြထားရာအရပ်ဆီ ချန်းယောလ်ကျောပြင်နဲ့ကွယ်ထားပေးလိုက်သည်။
အကို့ကို ဘယ်သူမှမနှောင့်ယှက်စေရဘူးဆိုတဲ့ ခံယူချက်အပြည့်နဲ့...။

You've reached the end of published parts.

⏰ Last updated: Jun 06 ⏰

Add this story to your Library to get notified about new parts!

𝘴𝘩𝘪𝘮𝘬𝘰𝘰𝘯𝘨 𝘴𝘵𝘰𝘳𝘪𝘦𝘴🎀Where stories live. Discover now