[ZAWGYI]
Song recommend - Watermelon sugar (Harry styles) , Sweater Weather (The Neighborhood)
“ Sunoo ya ဖွားဆီ လာပါဦး ”“ ဟုတ်ကဲ့ ဖွားဖွား ”
မနက် မိုးလင်း စတော်ဘယ်ရီစိုက်ခင်းကို သွားကြည့်ဖို့ လုပ်နေတုန်း အဖွားခေါ်တာကြောင့် အိမ်ပေါ်ပြန်တက်လာခဲ့သည် ။
“ နေ့လည် စိုက်ခင်းက ပြန်လာရင် မြို့ကိုပို့မယ့်ဟာတွေကို တစ်ချက်လုပ်ပေးဦးနော်
ပြီးတော့ ဒီညနေလောက်ဆို မြို့ဘက်က လေ့လာရေးဆင်းတဲ့သူတွေ လာလိမ့်မယ် ထုံးစံအတိုင်း ပန်းခင်းတွေနဲ့ စတော်ဘယ်ရီခြံအကြောင်း ဆောနူလေးပဲ အကုန်လိုက်ပြရမှာ...”“ ဟုတ် ရပါတယ်ဗျ ”
အမြဲ ဘာပြောပြော ဘာလုပ်လုပ် မျက်လုံးလေး မှိတ်တဲ့ထိ ပြုံးပြပြီး ဖြေတဲ့ သူမရဲ့ တစ်ဦးတည်းသော မြေးလေးက သူမရဲ့ အရာရာ....
ဒီတစ်မိသားစုလုံးမှာ သူမရယ် သူမမြေးလေးရယ်ပဲ ရှိသည် ။
သားနဲ့ ချွေးမက ကားတိုက်မှုကြောင့် မြေးလေး 15 နှစ်အရွယ်တည်းက ဆုံးသွားကြတာ.....သူမတို့ ဆွေစဉ်မျိုးစက် လုပ်ကိုင်ခဲ့တဲ့ စတော်ဘယ်ရီခြံနဲ့ ပန်းခင်းကြီးရှိလို့သာ ဒီမြေးလေးကို လူလားမြောက်အောင် ထားနိုင်တာ.....
မြေးလေးကို နိုင်ငံခြားမှာ ကျောင်းထားမယ်ဆိုပြီး လုပ်ပေမဲ့
အဲ့ကောင်လေးက မသွားဘူးတဲ့
သူ ဒီစိုက်ပျိုးရေးတွေကို စိတ်ဝင်စားလို့ ဖွားဖွားဆီက ဒီခြံကိုပဲ အမွေဆက်ခံမှာတဲ့....
အခုတော့ သူမမြေးလေးက စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ ဘွဲ့လဲရပြီး အသက် 22 တောင် ဖြစ်နေပြီ....“ ဖွားလဲ ငါ့မြေးလေး ဒီလောက် အများကြီးကို တစ်ယောက်တည်းတာဝန်ယူနေရတော့ အလုပ်တာဝန်ခွဲယူဖို့ပဲဖြစ်ဖြစ် တစ်ချို့နေရာတွေမှာ နည်းနည်းပါးပါး လုပ်ပေးနိုင်တဲ့ လူလေး တစ်ယောက်လောက် ရှာပေးချင်လိုက်တာ
ခက်တာက တစ်ယောက်မှ ငါ့မြေးလောက် ပြည့်ပြည့်စုံစုံဟာကွက် မရှိ ဘယ်သူမှ မလုပ်ပေးနိုင်တာပဲ ဟူး”“ ဖွားဖွားရယ်
ဆောနူ တစ်ယောက်တည်း လုပ်နိုင်ပါတယ်ဗျာ
ကျွန်တော်နှစ်သက်တဲ့ အရာတွေကို လုပ်နေတာမို့ ပင်ပန်းမှန်းတောင် မသိပါဘူးဗျ
စိတ်မပူနဲ့နော် ဘယ်သူ့ကိုမှလဲ ထပ်မငှားနဲ့နော် ဖွားဖွား ”