[UNICODE]
Song recommend - Sunflower,Vol. 6 (Harry Styles)
နေရောင်ခြည်သည် ပူးကပ်နေကြသော ကောင်လေးနှစ်ယောက်ကြားသို့ တိုးဝင်လိုဟန်ပင်.....
ကာထားသော လိုက်ကာကြားထဲက တစွန်းတစထွက်လာပြီး အိပ်မောကျနေသော ကောင်လေးနှစ်ယောက်ထံ ကျရောက်လာသည် ။စူးလာသောနေရောင်ကြောင့် မျက်ခုံးကြုံ့ပြီး မျက်လုံးဖွင့်လာသော နီရှီမူရာ....
ပုံမှန်မဟုတ်ပဲ လေးနေတဲ့ လက်မောင်းကြောင့် မျက်လုံးကိုသေချာဖွင့်ပြီး ဘေးဘီကိုဝဲကြည့်လိုက်တော့
ရင်ခွင်ထဲရောက်နေသော ခန္ဓာကိုယ်ငယ်တစ်ခု....
ခေါင်းငုံ့ထားသောကြောင့် ရုပ်ကိုသေချာမမြင်ရပေ...ပုံမှန်သာဆို ချက်ချင်းတွန်းထုတ်လိုက်မှာမှန်ပေမဲ့ ဘာကြောင့်မှန်းမသိ ဒီတိုင်းထားထားမိပြီး ခေါင်းလုံးလုံးလေးကို ကြည့်နေမိသည်။
ကြည့်ရုံတင်မက ခေါင်းလုံးလုံးလေးကို မွှေးကြည့်လိုက်တော့ စတော်ဘယ်ရီနံ့သင်းသင်းလေးကို ရလေသည်.....ဘယ်က ကလေးလေး သူ့ဘေးနားမှာ လာအိပ်နေတာလဲ ဆိုပြီး တွေးမိပြီး ရယ်မိသည် ။
ရယ်သံကြောင့် လူးလွန့်လာသော ခန္ဓာကိုယ်ငယ်....
မျက်စိကို လက်ဖြင့်ပွတ်ပြီး မျက်လုံးဖွင့်ကြည့်ပြီး ဒီဘက်လှည့်ကြည့်လာသည် ။
နှစ်ယောက်ကြား အခြေအနေတိတ်ဆိတ်သွားပြီး ရပ်တန့်သွားသည်။“ ဆောနူဂွန်း !! ”
“ နီခီ !! ”_🍓_
မနက်စာစားနေချိန် တစ်ယောက်တည်း စကားပြောပြီး မေးနေသောအဖွားနှင့် တိတ်ဆိတ်နေသော ကောင်လေးနှစ်ယောက်....
မနက်စာ စားပြီးတော့ အဖွားက ဆောနူပဲလိုက်ပြရမှာမို့ တစ်ခါတည်း ဆောနူနဲ့တူတူလိုက်သွားဖို့ ပြောသည် ။
* အဖွားမပြောလဲ လိုက်သွားမှာပါ * ဆိုတဲ့ စကားကိုတော့ စိတ်ထဲမှာပဲ သိမ်းထားလိုက်သည် ။
“ ဆောနူ ကျွန်တော့်ကို ခနစောင့်လေဗျာ ”
ဖိနပ်စီးနေတဲ့ အချိန်အတွင်း အရှေ့က မြန်မြန်ထွက်သွားသော အကိုသေးသေးလေးကို လှမ်းပြောမိသည် ။