What is Love...?

6 0 0
                                    

Hello,
ကျွန်တော့ကတော့ Sitt ပါဗျ
ခင်ဗျားတို့ကိုကျွန်တော် ရဲ့ စိတ်ခံစားချက်လေးပေါ့ မူတည်ပြီးကျွန်တော် ထင်တဲ့အချက်လေးဒေ တွေးမိတဲ့အကြောင်းလေးဒေ ပြောပြချင်တယ်ဗျာ..
First - တစ်ခါတစ်လေ လူ့ ​ဒေကျင်လည် ကြရတဲ့လူ့​ဘဝ ပတ်ဝန်းကျင်မှာ ဆိုးရိုးဒေမျိုးစုံရှိခဲ့တယ် အကောင်းဆိုးတာလဲ တစ်ပြိုင်နက်ထဲ ဒွန်တွဲနေခဲ့တာပေါ့ဗျာ..
ဥပမာ - အောင်မြင်ချင်ရင် ရှုံးနိမ့်ဖူးရတယ် ရယူချင်ရင်ပေးဆပ်ရသလို ဆိုတဲ့ဆိုးရိုးဒေကြားဖူးကြမှာပေါ့ ဆိုလိုတာကတော့ဗျာ လော ကကြီးက တရားသော အစဉ်အလာကိုအခြေ ခံထားတယ်ဆိုလဲ မမှားပြန်ဘူး ဒါမဲ့ အဲ့အရာဒေထဲမှာ ဘယ်တော့မှဝေ ခွဲ မရတဲ့ ဆုံးဖြတ်ချက်ချလို့ မရတဲ့ အရာတစ်ခုလဲ ဒွန်တွဲနေတတ်တယ် အဲ့တာကတော့ " အချစ် ဒါမှမဟုတ် အမုန်း " ပေါ့ဗျာ....

အချစ်ဆိုတာဘာလဲ (or) အမှန်းဆိုတာကော ဘယ်အရာများလဲ..???
ကျနော်ဒီနေ့ အချစ်ဆိုတာ ဘာလဲဆိုတာလေးကိုကျွန်တော့်စိတ်အထင်လေးနဲ့ပြောပြပေးမယ်နော်..!
ကျွန်တော်ထင်တဲ့အချစ်ဆိုတာက ကော်ဖီတစ်ခွက်သောက်ရသလိုဘဲလို့မြင်မိတယ် ပြည့်စုံနဲ့ကော်ဖီလေးဖြစ်ဖို့ ပေါင်းစပ်တဲ့နို့ သကြားစသဖြင့်လိုအပ်တယ်လေ သို့သော်
သကြားများရင် ချိုသွားတတ်တယ်..
နို့များတော့ အီသွားတယ်တတ်တယ်...
ဒါ့ အပြင်ကော်ဖီစေ့လေးပါ ပမာဏများသွားတတ်တဲ့အခါ ကျရင်လဲ ခါးသွားတတ်တယ်လေ..
ဘယ်အရာမှ အပိုမလိုဘဲ မှသာလျှင် ပြီးပြည့်စုံတဲ့ကော်ဖီတစ်ခွက်လိုအရသာရှိတယ်လို့ယူဆမိတယ်...
အချစ်လဲအဲ့လိုပါဘဲဗျာ..
အရမ်းကြီးကိုလဲ အကဲပိုနေရင်လဲ မကောင်းသလို လိုအပ်နေရင်လဲမကောင်းပြန်ဘူးပေါ့...
ဒါမဲ့ မပြီးသေးဘူးဗျ ကျွန်တော်ပြောချင်တာက ဘာလဲဆိုတော့အဲ့လိုဘဲတဲ့ ပြီးပြည့်စုံတဲ့ကော်ဖီလေးကိုအားရပါးရအရသာခံသောက်လို့ရခဲ့တဲ့သူဒေလဲ အများကြီးရှိခဲ့ပါတယ် လူတိုင်းတော့အရသာခံလို့မရခဲ့ဘဲ ထွေးထုတ်ခဲ့ရတာဒေများတယ်ဗျ...
ဘာလို့လဲဆိုတော့...
ပြီးပြည့်စုံနဲ့ကော်ဖီကိုလဲ မစူးစမ်းမဆင်ခြင်ဘဲ သောက်မိလိုက်တော့ ပူလောင်သွားပြီ အရသာခံလို့ မရတော့ဘူးပေါ့...
အချစ်သည်လဲ ထိုအတိုင်းဘဲပေါ့ဗျာ..
လူတိုင်းမှာတော့ကိုယ့်အမြင်ကိုယ်ဆိုတာလေးရှိတတ်ကြတာဘဲ လေ ကျွန်တော့အမြင်လေးကလွဲမှားကောင်းလဲ လွဲမှားနိုင်ပါတယ်....
ကျွန်တော်တို့စောနကပြောခဲ့ကြတဲ့ ကော်ဖီလေးတစ်ခွက်ကို ထိုက်ထိုက်တန်တန်နဲ့အရသာခံစားနေရတဲ့လူပေါင်းမျာစွာလဲ ရှိပါတယ်ဗျာ...
အရသာဆိုတာ လျှာပေါ်မှာ ပထမဆုံးစွဲ မြဲလာခဲ့တဲ့ ထူးထူးခြားခြားအရသာတစ်ခုဆိုရင် တော်ရုံ နဲ့တော့ မမေ့နိုင်ကြသလိုသတိထားမိကြစမြဲပါဘဲ....
တစ်ချို့သော အရသာက လျှာပေါ်မှာ စွဲ မြဲ သွားတာတင်မဟုတ်ဘူး ရင်ဘက်ထဲထိပါဝင်ရောက်လို့ရနိုင်ပါတယ်....
အချစ်ဆိုတာကြီးက လဲသိပ်ဆန်းကြယ် လွန်းတယ် ရင်ဘက်ထဲထိ တိုးဝင်လာတဲ့ အရသာတစ်ခုကို နာမည်တပ်ပေးလိုက်တယ်...
"အချစ်ဦး" တဲ့ဗျာ...
အချစ်ဦးတဲ့ သိပ်ကို နက်ရှိုင်းလွန်းတဲ့ စကားတစ်ခွန်ဆိုလဲ မမှားပါဘူး...
လူတိုင်းလူတိုင်းမှာတော့ ကိုယ်တိုင်ခံစားချက်ကိုယ်စီကြောင့်အချစ်ဦးကိုအချစ်ဆုံးဘဲလို့တော့ ကျွန်တော် အတိအကျမပြောပါဘူးဗျာ...
ဒါမဲ့တော်တော်များများရဲ ရင်ထဲမှာတော့ အချစ်ဦးဆိုတာမျိုးက ကျန်ရှိနေတတ်ကြပါသေးတယ်....
ကနဦးအစ သစ်ရွက်လေးဒေလှုပ်တောင်ရင်ခုန်ခဲ့ရဖူးတယ် မျက်စိစုံမှိတ်ပြီးချစ်ခဲ့ကြတယ် မျက်လုံးဒေကို ပြန်တောင်မဖွင့်နိုင်ခဲ့ကြတဲ့အခိုက်အတန့်ဒေပေါ့...
တစ်ဦးနဲ့တစ်ဦး အကြည့်ချင်းစုံ မှသာ ရင်ခုန်ပြီး မျက်စိစုံမှိတ်ချစ်ခဲ့ကြတယ်လေ သစ်ရွက်လေးတောင်ရင်ခုန်မိခဲ့ကြလို့ပေါ့ မကြည့်ခဲ့ဘဲ စုံမှိတ်ချစ်ခဲ့ကြလေ တာ အကြည့်ချင်းစုံတိုင်းလဲ ရင်ခုန်ခွင့်ရှိမှသာ ရင်ခုန်လို့ရခဲ့တာပါ...
Love is Choice အချစ်ဆိုတာလဲ ရွေးချယ်မှုတစ်ခုဆိုလဲ မမှားပါဘူး...
ဘယ်သူကဘယ်သူ့ကို ဘယ်လိုဖြစ်ဖြစ်နားလည် သည်းခံ ခွင့်လွှတ် ခြင်းဟာလဲ အချစ်ရဲ့တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တဲ့ မေတ္တာတရားလေးတစ်ချို့ပေါ့...
အချစ်ဆိုတာ ငွေနဲ့ပေးဝယ်လို့ရတယ်ဆိုတဲ့ခေတ်ကာလကြောင့်မေတ္တာစစ်ဆိုတာ ရှားလာခဲ့ချေပြီ..
အချစ်ဆိုတာကို စစ်ပွဲ တစ်ခုဘဲလို့မြင်မိတယ်...
" အချစ်နဲ့ စစ်မှာ မတရားတာမရှိခဲ့ပါဘူး "
" ပြတ်သားတဲ့သူသည်သာလျှင်အနိုင်ဘဲတဲ့ "
နိဂုံးအရတော့
ကျွန်တော်ခံယူထားတဲ့အချစ်ဆိုတာမျိုးက

"Love is not what you say"
"Love is what you do"

ကဲ ခင်ဗျားတို့အတွက်ကော အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ...???

#Sitt
#29_6_2021

Sitt Collection- 1Where stories live. Discover now