EP-4-

832 118 6
                                    

𝗩𝗶𝗼𝗹𝗶𝗻𝗶𝘀𝘁 𝗔𝗻𝗱 𝗛𝗶𝘀 𝗕𝗮𝗹𝗹𝗲𝗿𝗶𝗻𝗮

ᴜɴᴏᴄᴏᴅᴇ 𖠌

" အင်း အမှန်တိုင်းပြောရရင် မောင်ဟိုးအရင်ထဲထသိထားပြီးသား "

" ဘယ်လို? "

" ငါ့ကိုနားလည်အောင် ရှင်းပြစမ်းမောင်၊ မင်းငါ့ကိုဘယ်လိိုသိတာလဲ ၊ ငါမကတာ ၁၀နှစ်ကျော်ပြီ ၊ အဲ့တာကိုမင်းဘယ်လိုသိတာလဲ ၊ ဘယ်လို.. ဘယ်လို မှတ်မိနေတာလဲ "

" ဟိုး stop မောင့်အချစ်... စိတ်တွေတအားစိတ်ရှုပ်ထွေးမနေပါနဲ့ ၊ မောင်သေချာရှင်းပြမယ် နားထောင်နော် "

ရိပေါ်လေသံအေးအေးလေးရှင်းပြတော့မှ ရှောင်းကျန့်ခေါင်းငြိမ့်တော့တယ်။

" မောင့်အမေက balle အကသိပ်သဘောကျတာ ၊ သူမငယ်ငယ်က ရှောင်းလိုပဲ ballerina တစ်ယောက် ၊ သိပ်တော်ပြီးလှတဲ့ ballerina တစ်ယောက်ပေါ့... တစ်ရက် သူမနိုင်ငံတကာပွဲမှာဝင်ပြိုင်ဖို့ ကမ်းလှမ်းခံရတယ်၊ မောင့်မားကပျော်တာပေါ့ သူငယ်ချင်းတွေဆရာတွေမတွေကလည်း ဝမ်းသာချီးကျူးကြတယ်၊ အဲ့ထဲကမှမောင့်မားကို သိပ်သဘောမကျတဲ့ကောင်မလေးက မားကိုနိုင်ငံတကာပွဲဝင်ပြိုင်လို့မရအောင်... အိမ်အပြန်လမ်းမှာ ကားနဲ့ဝင်တိုက်ခိုင်းလိုက်တယ် "

ရှောင်းကျန့်မှာအံ့သြလွန်းလို့ ဘာပြောရမှန်းမသိဖြစ်သွားတယ်။ အားရီကသနားဖို့ကောင်းလိုက်တာ။

" မားလည်းနိုင်ငံတကာပွဲဝင်မပြိုင်ဖြစ်လိုက်ဘူး၊ ကားကအရှိန်နဲ့တိုက်လိုက်တာမို့လို့ အောက်ပိုင်းသေမလိုဖြစ်သွားတယ်။ အဲ့အချိန်တုန်းက မားစိတ်ဓာတ်တွေထိုးကျသွားပြီး သတ်သေဖို့အထိလုပ်ခဲ့တယ်။ ဖြစ်ချင်တော့ ပါးကမားကိုကုပေးတဲ့ဆရာဝန်ဆိုတော့ မားကိုအချိန်မှီတားပေးနိုင်ခဲ့တယ်။

လှမ်းလျှောက်လို့ရအောင်ပြန်ကုပေးတယ်။ကုထုံးတွေလုပ်ပေးတယ်။ အင်း ခြေထောက်ကပြန်လျှောက်လို့ရသွားပေမဲ့ ဘဲလေးအကတော့ကလို့မရတော့ဘူးပေါ့။ နှစ်ယောက်သားဖူးစာကံပါတယ်ထင်ပါတယ်။ အဲ့ဆေးရုံမှာထဲကကြိုက်သွားတာတဲ့။ မားနဲ့ပါးလက်ထပ်ပြီး မောင့်ကိုမွေးတယ်။ မောင်လေးနှစ်ပြည့်မွေးနေ့မှာ မားက ကလေးငယ်တွေကတဲ balle အကပြိုင်ပွဲကိုခေါ်သွားတယ်။

Violinist And His Ballerina [小提琴家和他的芭蕾舞演员 ]Where stories live. Discover now