သာယာလိုက်တဲ့မနက်ခင်းလေး....
ကျေးငှက်သံလေးတွေကလည်းနားဝင်ချိုလိုက်ပုံများ..... မြို့ပြကကားရှုပ်ရှုပ်လူရှုပ်ရှုပ်တွေနဲ့များတော့ကွာခြားလိုက်တာ.....ဘုရားကျောင်းဝင်းထဲကခုံတန်းလေးပေါ်ပက်လက်အိပ်ကာသဘာဝရဲ့အရသာကိုအပြည့်အဝခံစားနေသောTaehyung....."Hyung....jiminကိုဘုရားကျောင်းအလည်ခေါ်လာခဲ့လို့ရလား...."
"ခုံတန်းပေါ်အိပ်နေရာမှမေးလာသောအမေးအားပြန်မဖြေဘဲ့ကော်ဖီသောက်ရင်းစာအုပ်ဆက်ဖတ်နေလိုက်သည်။
"ကျနော်..အတည်မေးနေတာ...
ရလားလို့...""ရတယ်ဆိုတော့မင်းက
ဘယ်လိုပြောပြီးခေါ်လာမှာလဲ
မင်းကိုတောင်မမြင်တာ
အရင်ဆုံးမင်းကိုသူမြင်ရအောင်
ဘဲ့လုပ်ပါအုံး""ဘယ်လိုလုပ်ရမလဲ...ဟိုတနေ့ကလိုသိသွားအောင်ထပ်လုပ်လိုက်ရမလား...."
"ငတုံး...ဟိုနေ့ကတမင်လုပ်တာမှ
မဟုတ်တာကြီး....
မင်းနမော်နမဲ့နိုင်ပြီး
အိပ်မွေ့မချလို့..
သူ့ဘာသာနိုးလာတာလေ...
အတူနေလာတာနှစ်တွေ
ဒီလောက်ကြာနေတာတောင်
အခုထိသူ့အိပ်မက်ထဲကိုရောက်အောင်
မသွားနိုင်သေးဘူးလား..Taehyung!!! "လှောင်ပြောင်သလိုအပြစ်တင်သလိုပြောလာသောMin Yoongi စကားအားပြန်လည်ချေပနိုင်ခြင်းမရှိ....jiminသိအောင်အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်ကလေးဘဝထဲကအခုထိမအောင်မြင်သေး...ချစ်ခြင်းမေတ္တာအမျိုးစုံပြောင်းလဲဖြစ်တည်ခဲ့သောသူ့အဖြစ်ကိုတော့အခုချိန်ထိအချစ်ခံလူသားလေးကသိခွင့်မရသေးဘူးတဲ့ဗျာ...
ခံစားချက်အမျိုးမျိုးကြိုးခုန်ခဲ့ရသောသူ့မှာသာအရူးကြီးတယောက်လိုဖြစ်လို့...Min Yoongi
ဆိုသည်မှာလည်းဘယ်လောက်စကားနိုက်နိုက်
လုံးဝမထွက်...ရေငုံနှုတ်ပိတ်လျက်....ကိုယ်တိုင်မကူညီရင်တောင်သဲလွန်စလေးတော့ပေးသင့်တယ်မလား...စိတ်ထဲကကျိန်ဆဲနေသောသူ့အားဖတ်နေတဲ့စာအုပ်ဖြင့်လှမ်းခေါက်ရင်း..."ငါ့ကိုကျိန်ဆဲနေတယ်ပေါ့...
စေတနာနဲ့ကူညီမယ့်စိတ်ကူး
လေးတောင်ပျောက်သွားပြီ....""ကူညီမယ်...ဟုတ်လားhyung
စောစောကပြောမှားဆိုမှား
ဖြစ်သွားတာလေးကို
တောင်းပန်ပါတယ်...
ငယ်သူမို့....
မရင့်ကျက်သေးလို့ပါ
ဟဲ..ဟဲ....!!"
![](https://img.wattpad.com/cover/272111123-288-k377341.jpg)
YOU ARE READING
အိန်ဂျယ်ဖက်တဲ့ဖူးစာ