part(16)

1.8K 79 2
                                    

ညသန်းခေါင်ယံအချိန်ဝယ်..အိမ်ကြီး၏အနောက်ဘက်ခြမ်းတွင် လူ 3 ယောက်သည် မြေကြီးတို့အား ပေါက်ပြားဖြင့်တူးစွ ကာ..တူးနေကြသည်။..လူချိန်တိတ်ချိန်ဖြစ်နေသည်က..ထိုလူ 3 ယောက်အတွက်ပေါက်ပြားသံတို့မှ လွဲပီး တိတ်ဆိပ်နေခဲ့ရာ...
ထို ဘေးဘက်တခြမ်းဝယ်..မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေသော..မိန်းမ တစ်ယောက်
သို့ပေမဲ့..သူမရဲ့အသက်မရှုခဲ့သော ရုပ်အကြွင်းအလောင်းးဟု..ဆိုရမည်သာ...
သူမ ကဘယ်သူဖြစ်နိုင်မလဲ..??
မှောင်မဲနေသော ဤနေရာတွင်..အသက်မဲ့နေခဲ့တဲ့ ထိုမိန်းခလေးက..ထိုအိမ်ကြီးထဲတွင်ရှိခဲ့သော မိုးခက်ဟုဆိုရသူ.. သူမမှလွဲပီး..ဘယ်သူရှိပါအုံးမည်
နည်းးး။
မိမိ၏အသက်မဲ့နေသော ခန္ဓာကိုယ်သည် အချိန်သိပ်မကြာခင်မှာ..သူတို့တူးစွနေသော ဤမြေကြီးထဲသို့ သွားရန်..စောင့်ဆိုင်းနေသလိုလို..
ဆောင်းတွင်းကြီးဝယ်..လေတွေတစ်ဖြူးဖြူးဖြင့် တိုက်ခတ်နေရာ..မြေကြီးတို့ကို တူးစွနေတဲ့ ထိုလူသုံးယောက်မှာတော့..ချွေးစေးတို့က...
လူတစ်ကိုယ်စာ..တူးပီးကြသည်နှင့်..မိုးခက် ရဲ့ရုပ်အလောင်းကို မလိုက်ကြရင်း..မြေကြီးတွင်းထဲသို့..

အို..သွားရှာလေသရော့..မိုးခက်ရယ်..
ကိုယ့်သေတွင်းကိုယ် တူးခဲ့လေသရော့..
အခုတော့
တွင်းထဲက..မိုးခက်ရဲ့ခန္ဓာကိုယ်ပေါ်..မြေမှုန် မြေစတို့က..ကျရောက်လာကာ..တဖြေးဖြေးးဖုံးလွှမ်းလုသရောင်...
ခင်ဗျားတို့ မြင်နေကြတဲ့အတိုင်းပဲ..
ဟုတ်တယ်..သူမကို မြေမြှုပ်လိုက်ကြပီ...
....

မှောင်မိုက်နေသော အခန်းကြီးထဲ..ပြတင်းပေါက်မှ ထွက်ပြူနေတဲ့ ပဆောက် ပုံစံ လတခြမ်းအားး
စိုင်းညှို့ ထိုင်ငေးကာ..စကားတွေတရပ်စပ် ပြောနေခဲ့သည်မှာ..
သူ ဘာတွေပြောနေခဲ့တာလဲ..??သိကြလားး
ဥပမာ.- .ပိုင့်ကိုချစ်တဲ့အကြောင်းတွေပေါ့..

ဒီညလား..စိုင်းညှို့ အိပ်ပျော်တော့မည်မထင်ဘူး..သူ့ရဲ့ အိမ်မက်စိုးတို့က..တဖန်ပြန်ရောက်တော့မည်ကို..သူသိနေခဲ့လို့..အနားမှာ ပိုင့်မရှိခဲ့တဲ့ ညပေါင်းတွေ..အိပ်ပျတ်ခြင်းတို့နှင့်..အခုလိုပဲ...လမင်းကြီးကို ငေးရင်းး စကားတွေပြောကာ..အဖော်ပြုနေခဲ့မိသည်။..အဲ့ဒါ..သူလေ...

~~~ Everything For You ~~ <completed>Where stories live. Discover now