Part-1

694 74 20
                                    

Uni

Koreaနိုင်ငံ "Ilsan-gu"ရဲ့ လမ်းကြားလေးတစ်ခု။

အသက်၁၁နှစ်အရွယ်ကောင်လေးတစ်ယောက်က စက်ဘီးအဟောင်းလေးကို တွန်းရင်း ဖြည်းဖြည်းချင်းလမ်းလျှောက်လာ၏။ သူ့အဝတ်အစားများက စက်ဘီးအဟောင်းလေးနှင့်လိုက်ဖက်စွာ ခပ်နွမ်းနွမ်း ခပ်ရိရိ။ ရှုပ်ပွနေသော ဆံပင်များက ဂရုစိုက်မခံရသည့်အားလျှော်စွာ အရောင်ဖျော့တော့ပြီး မှိုင်းပျနေသည်။ မျက်လုံးခပ်မှေးမှေး နှုတ်ခမ်းထူထူ ထိုကောင်လေးက တစ်ချက်ကြည့်လိုက်တာနှင့်ပင် အနားမကပ်ချင်စရာ။ မျက်ခုံးတန်းနှစ်ဖက်အောက်က မျက်လုံးတွေက စူးရှပြီး စွမ်းအင်တစ်မျိုးရှိနေသော်ငြား တစ်ချိန်တည်းမှာပဲ ထိုမျက်ဝန်းတို့က မှိုင်းပျနေပြန်သည်။ လူပုံကိုခြုံငုံကြည့်ရလျှင်ဖြင့် အချုပ်အချယ်မဲ့ ရှင်သန်ကြီးထွားနေသည့် မြက်ရိုင်းပင်နှယ်။

မိုးကောင်းကင်ကြီးက ဒီနေ့မှ ပို၍ မှိုင်းပျပျဖြစ်နေသည်။ တိမ်စိုင်သားတို့က မည်းမှောင်နေပြီး မိုးရွာတော့မည်ကို သတိပေးနေသည့်နှယ်ဖြစ်သည်။ ကောင်လေးက မိုးပေါ်ကို ဖြည်းဖြည်းချင်းမော့ကြည့်လိုက်ပေမဲ့ ခြေလှမ်းတို့ကလည်း ရပ်မသွား။ စက်ဘီးအဟောင်းကို နှေးသည်ထက်နှေးအောင်တွန်းလာရင်း ခြေလှမ်းတွေကို အရှိန်ပိုလျှော့လိုက်သည်က မိုးမိမှာကို လိုလားနေသလိုမျိုး။

တိမ်စိုင်သားတို့သည် မိုးစက်ပေါက်ကလေးတွေကို ထိန်းသိမ်းထားခြင်းငှာမတတ်နိုင်တော့ပုံရသည်။ မနိုင်မနင်းရွာချပစ်လိုက်သော မိုးစက်ကလေးတွေက ကမ္ဘာမြေကြီးတစ်ပြင်လုံးကို ခပ်ဖွဖွနမ်းရှိုက်ကုန်၏။ မိုးသည် ဖြည်းဖြည်းချင်းရွာချလာပေပြီ။ ကောင်လေးက စက်ဘီးကို ခဏရပ်လိုက်ရင်း မြေကြီးကို နမ်းရှိုက်နေသည့် မိုးစက်လေးတွေကို ငုံ့ကြည့်မိသည်။ ထို့နောက် အပေါ်ကို ပြန်မော့လိုက်တော့ သူ့မျက်နှာပြင်ဆီ ခုန်ဆင်းလာသည့် မိုးစက်ကလေးတွေကို တွေ့လိုက်ရသည်။ အေးစက်သော်လည်း လန်းဆန်းသည့်အထိအတွေ့ကို ခံယူရင်း ဖြစ်တောင့်ဖြစ်ခဲအပြုံးတစ်ခုက သူ့ပါးပြင်ပေါ်လာဟပ်သည်။ ဒီမိုးစက်လေးတွေက သူ့ကို လာနမ်းတယ်လို့ သူယူဆလို့ရမလား။

Let's Bike With Me (Eden Contest)Where stories live. Discover now