Arc 3.3(ဇန်)

2.8K 324 17
                                    

Zawgyi ~

ကယ်ရီအိပ်ပျော်ပြီး အတော်ကြာသောအခါ ခန္ဓာကိုယ်အချိုးအစားလှပပြီး ချစ်စရာကောင်းသည့်မိန်းကလေးတစ်ဦးရောက်လာသည်

"ဒေါက်တာ ဂိုထောင်ထဲကဆေးစာရင်းတွေစစ်ပြီးသွားပြီ ကျွန်မဘာထပ်ကူညီပေးရမလဲ "

"အယ်လ်မီလေး ပင်ပန်းသွားပြီလား
ရပါတယ် ဒဏ်ရာသက်သာသွားတာမှမကြာသေးဘူး အလုပ်တွေအရမ်းမလုပ်ပါနဲ့ သက်သက်သာသာနေပါ"

ထိုအခါ အယ်လ်မီက ညုတုတုအသံဖြင့်
"အာ...မဟုတ်တာ ဒေါက်တာကလည်း
သူများကကူညီချင်လို့ပါဆို"

"ဒါဆိုလည်း ဟိုထောင့်ကုတင်ကလူနာ ဆေးချိတ်ပေးထားတာ ကုန်ခါနီးပြီလားတစ်ချက်သွားစစ်ပေးနော်"

အယ်လ်မီ ညွှန်ပြလိုက်သောထောင်စွန်းရှိကုတင်နားသို့လျှောက်လာရင်း ကုတင်ပေါ်ရှိလူအားတစ်ချက်ကြည့်လိုက်သည်
'ဟမ် ဒီကောင်လေးမသေသေးဘူးလား'

သူရှင်းရှင်းလင်းလင်းကြီးကိုမှတ်မိနေခဲ့သည် အဲ့ဒီနေ့ကမိမိ ဇန်ဆိုသည့်ကောင်လေးအား ဇန်ဘီအုပ်ကြီးကိုမြှားခေါ်သွားခိုင်းခဲ့သည် ထို့ကြောင့်သာမိမိအသက်ရှင်ခဲ့ခြင်းဖြစ်သည်
'သူအစားမခံလိုက်ရဘူးလား
ဇွန်ဘီအဖြစ်ပြောင်းမသွားဘူးလား
မဖြစ်ဘူး သူနိုးလာလို့အဲ့နေ့ကအကြောင်းလျှောက်ပြောရင် ဒီBaseကလူတွေငါ့ကိုတစ်မျိုးထင်ကုန်လိမ့်မယ် တစ်ခုခုတော့လုပ်မှဖြစ်မယ်'
အယ်လ်မီတွေးနေတုန်းအကြည့်ကတစ်ဖက်ကုတင်ပေါ်ရှိ ခေါင်းအုံးပေါ်သို့ရောက်သွားသည် ထို့နောက်ဝေခွဲရခက်စွာဖြင့် ခေါင်းအုံးအားကောက်ယူလိုက်သည် အယ်လ်မီ သူ၏အကြံအားအကောင်ထည်ဖော်လိုက်မည်ဟုဆုံးဖြတ်ချက်ချလိုက်သည်အချိန်တွင်

"ဇန်......" ဟုအော်ကာ ငိုသံကြီးဖြင့်ဝင်လာသော မိုချီ
အယ်လ်မီလည်း ခေါင်အုံးအားအသာပြန်ချကာ မိုချီအား

"အသံတိုးပေးလို့ရမလားရှင့် လူနာကအိပ်နေလို့ပါ"

မင်းက "အယ်လ်.....အယ်လ်... "

နောက်တွင်လိုက်လာသောဂျိတ်ခ်ကလည်း
"ဟုတ်သားပဲ မင်းအသံကြီးနည်းနည်းလျော့စမ်း"

SYSTEM 286 (On going)Where stories live. Discover now