[𝒄𝒐𝒍𝒂]unicode

4.9K 335 49
                                    

Warning_Some rude language and others
______________________________________
Unicode Ver

"ဟား...!"

ဟောခန်းတစ်ခုလုံးဟိန်းနေသည်အထိရိပေါ်ကရယ်နေမိသည်၊အကျီအမဲ ၀တ်ဆင်ထားတဲ့လူတွေဟာ ရိပေါ်ကိုလှည့်ကြည့်လို့ တစ်ယောက်တစ်ပေါက်ဖြင့်
အကြည့်တွေမှာစက်စုတ်ရွံရှာမှုတွေကိုရိပေါ်မြင်ရသလိုတချို့ကတော့ အရူးဆိုပြီးသနားစရာအကြည့်တွေနဲ့

ဒါအပြင် သေဆုံးကြောင်း၀မ်းနည်းစကားပြောနေတဲ့
Dadကလည်း ရိပေါ်အားစိတ်ပျက်စရာသတ္တဝါတစ်
ကောင်လိုကြည့်လာသည်။

သွေးအေးလွန်းတဲ့သတ္တဝါကောင်
အရိုင်းအစိုင်း၊အရှုပ်အထုတ် ၊စက်စုတ်ရွံရှာဖို့ကောင်းတဲ့မျိုးမစစ် ဆိုတဲ့လူ‌ တော်တော်များများသတ်မှတ်ပေးထားတဲ့ဂုဏ်ပုဒ်တွေ

မထူးတော့တဲ့အဆုံးရိပေါ်ကထိုဂုဏ်ပုဒ်တွေနဲ့အညီ
လက်တွေ့လုပ်ဆောင်နေလိုက်‌တော့တယ်။

"ပျော်ရွှင်စရာနေ့လေးဖြစ်ပါ‌စေဘိုးဘိုးကြီး"

ခပ်တိုးတိုးလေးရေရွတ်ပြီးရိပေါ်က တဖန်ရယ် နေလိုက်သည်။

အသုဘအခမ်းအနားမှာပြုံးရယ်နေတဲ့သူ ရှောင်ကျန့်ကအသံလာရာကိုကြည့်မိတော့ ဖြူဖြူသန့်သန့်
ကောင်လေး အမဲရောင်၀တ်စုံနဲ့လူတွေကြားသူတစ်ယောက်တည်း၀တ်စုံဖြူလေးနဲ့
ထင်းရင်းနေတယ်၊အမှတ်မထင် ရှောင်ကျန့် စိတ်‌တွေ
ထင့်ခနဲဖြစ်သွားခဲ့သည်နှင့်တူတယ်။

"soulသူကဘယ်သူလဲ.."

ရှောင်ကျန့်လိုဘဲထိုကောင်လေးအားစူးစမ်းကြည့်နေတဲ့
ဘေးနားမှsoulကို ရှောင်ကျန့်မေးမိသည်။

"သူကသူ‌ဌေးကြီးရဲ့တရားမ၀င်သားလေကိုကိုရဲ့"

"ဟုတ်လား အော်..."

ရှောင်ကျန့်ကဆက်မသိချင်တော့တာကြောင့် လက်ထဲကပုဝါအမဲစကိုဆော့ကစားနေလိုက်သည်။

ဒီနေ့သူဌေး၀မ်ရဲ့အဖေ ၀မ်ဥက္ကဌကြီးရဲ့ရက်လည်ကြောင့် wang companyရဲ့၀န်ထမ်းဖြစ်တဲ့ရှောင်ကျန့်ကဒီမှာရှိနေခြင်းဖြစ်သည်၊ပေါ်ပေါ်ထင်ထင်မနေ
တတ်တဲ့ အမြဲတမ်းထုံမှိုင်းမှိုင်းအ၀တ်အစားတွေကြောင့် ရှောင်ကျန့်ကိုဘယ်သူမှရှိတယ်လို့မထင်ကြဘူး
ပွင့်ပွင့်လင်းလင်း‌ပြောရရင်ရှောင်ကျန့်ကကမ္ဘာပေါ်
မှာဘောင်မ၀င်ဆုံးလူသားတစ်ယောက်နဲ့ထပ်တူညီမျှ‌ နေတယ်။

𝑪𝑶𝑳𝑨(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now