လူတိုင်းက အချစ်ကို အမြဲလိုလို တောင်တကြတယ် ရှာဖွေကြတယ်။ကျွန်တော်ကတော့ မရှာဖွေမတောင်တ ဘဲနဲ့ကိုအချစ်က ကျွန်တော့်ဆီရောက်ရှိလာတယ်။ငယ်ရွယ်ချိန်မှာဖြစ်ပေါ်လာတဲ့အချစ်က မစစ်မှန်ဘူးလို့ လူတွေကပြောကြပေမယ့် ကျွန်တော့်အချစ်ကတော့ စစ်မှန်ခဲ့တယ်။အချစ်ကိုတွေ့ရှိချိန်က ဘဝမှာအပျော်ဆုံးအချိန်လို့တောင်ပြောလို့ရတယ်။
အထက်တန်းကျောင်းသားဘဝ အချစ်ကိုတွေ့ရှိခဲ့တယ် ။ ပြောရရင်တော့ပထမဆုံးနဲ့နောက်ဆုံးသောအချစ်ဘဲ။သူ့အပြင်နောက်ထပ် ဘယ်သူ့ကိုမှထပ်ချစ်လို့ မရတော့အောင် သူတစ်ယောက်တည်းကိုဘဲ နှစ်နှစ်ကာကာ ချစ်ခဲ့မိတယ်။
ကျောင်းသားဘဝတုန်းကလေ ကျွန်တော်ကတော်တော်ဆိုးတာ အခန်းထဲမှာဆို လူမိုက်အလားဘဲ စာလုပ်ချင်လုပ်တယ် မလုပ်ချင်မလုပ်ဘူး။ မိဘအသိုင်းအဝိုင်းကလည်း ချမ်းသာတာမို့ ကျောင်းအုပ်ဆိုကြောက်စရာတောင်မလိုတဲ့အဆင့်ထိ ပေါ့လေ။
တစ်ခြားကျောင်းက လူတွေနဲ့လည်း ချိန်းပွဲတွေ အမြဲဖြစ်တယ်။ရန်ဖြစ်လို့ စခန်းရောက်လည်း ကျွန်တော်က အမြဲလွှတ်တယ် အဖေရှေ့နေက အမြဲလိုလို ရောက်လာပြီးအာမခံပေးတယ်။ပြီးတော့ အဲ့ရှေ့နေ Hyung က အရမ်းစကားများတယ်။
" မင်းကလေ စာမလုပ်တော့ဘူးလား တနေကုန်ရန်ဘဲဖြစ်နေမှာလား ဟမ် ! နောက်တစ်ခါဆို မင်းအဖေ ပြောလည်း လာမထုတ်ပေးဘူး "
" Hyung မထုတ်ပေးလည်းနေပေါ့ အချုပ်ထဲနေရုံပေါ့ အတွေ့အကြုံသစ်တောင်ရသေး "
" မင်းကတော့လေ … နေဦးစောင့်နေ မင်းအဖေ ph ဆက်တယ် ဟာ ဟေ့ကောင်လေး !! စောင့်နေပါဆို … "
Hyung စကားကိုလျစ်လျူရှူပြီးလွယ်အိတ်ကိုလက်ကဆွဲရင်း ထွက်လာလိုက်ကာ အနီးအနားက 24 hr store ထဲဝင်ပြီး ခေါက်ဆွဲပြုတ်ဝယ်ကာ ရေနွေးထည့်ုပီး Store ထဲမှာဘဲ ထိုင်ကာ စောင့်နေလိုက်သည်။
3 မိနစ်ကြာအောင် မစောင့်နိုင်တာမို့ အဖုံးဖွင့်ကာ စားလိုက်တော့သည်။ရုတ်တရက်ဆိုသလို ကျွန်တော်စားနေတဲ့ store ရှေ့ကို ဆိုင်ကယ်တစ်စီးလာရပ်တယ်။ဆိုင်ကယ် ပေါ်ကနေ ကောင်လေးတစ်ယောက်ဆင်းလာပြီး ဆိုင်ထဲဝင်လာတယ် အချိန်ပိုင်းအလုပ် လူလဲသည်ထင်။