Synopsis

11 0 0
                                    

မင်း ငါ့မကောင်းသတင်းတွေကို 50Gအပြည့်စုထားတယ်ဆို!!

ကျန်းယင် - controversial second-generation celebrity, အနုပညာရှင်တွေရဲ့ အမည်းစက်သတင်းအတင်းတွေစုဆောင်းရတာဝါသနာထုံသူ။

ချိကျူ - controversial actor, ဝါသနာက anti-fanတွေနဲ့ အတင်းအဖျင်းတွေကို ဆွံ့အသွားအောင် လုပ်ရတာပဲ။

မူလတန်းကနေ အထက်တန်းအထိ အတန်းဖော်တွေဖြစ်ခဲ့ကြတဲ့သူတို့က ငယ်ချစ်ဦးဆိုတဲ့ပုံစံခွက်နဲ့အံဝင်ခွင်ကျပေါ့။ ခက်တာက ဒီနှစ်ယောက်က မီးနဲ့ရေလိုပဲ၊ နည်းနည်းမှ လိုက်ဖက်ညီမနေ။

အထက်တန်းမှာ အဖြေတိုက်ရင်း ရန်သတ်ကြတယ်။ ရိုက်ကွင်းမှာ ဇာတ်ညွှန်းဖတ်ရင်း ရန်သတ်ကြတယ်။ ရန်သာသတ်တယ်၊ နှစ်ယောက်သားက တစ်ရက်လေးတောင်အဆက်အသွယ်မပျက်ကြပုံများ သူတို့ QQ streakဆို တစ်ခါမှကိုမပျက်ဖူးဘူး။

ကံအားလျော်စွာပဲ တစ်နေ့မှာတော့ ကျန်းယင်ရဲ့စုဆောင်းမှုကြီးထဲမှာသူ့မကောင်းသတင်းလည်းပါနေမှန်း ချိကျူ တွေ့ရှိခဲ့တယ်။

ချိကျူ : ?

ကျန်းယင် : မင်းဘာသိလဲ၊ မင်းရဲ့အမည်းစက်သတင်းတွေကမှ မင့်ထက်ပိုချစ်ဖို့ကောင်းသေးတယ်။

ဘဝတစ်လျှောက်လုံး သူတို့တွေဒီလိုပဲတကျက်ကျက်သတ်သွားလိမ့်မယ်လို့ ကျန်းယင်တွေးခဲ့တာ။

ဝေ့ပေါ်မှာ ZhuiFengZhuYing ဆိုတဲ့ CPကို မတွေ့ခင်အထိပေါ့။ ZhuYingYaoHong ဆိုပြီး supertopicလေးတောင်အဆစ်ပါလိုက်သေး။

ကျန်းယင်ဆိုတာက တစ်နှစ်သားအရွယ် Zhua Zhouမှာတောင် ပစ္စည်းပစ္စယာအစုံပလုံကြားထဲက ကီးဘုတ်ကိုမှရွေးခဲ့တဲ့သူမျိုး။

ကလေးကတည်းက ဘာကိုပဲပြိုင်ငြင်းငြင်း တစ်ခါမှကိုမရှုံးခဲ့သူ။

ကျပန်းခေါင်းစဉ်တစ်ခုအောက်မှာ playerတွေကို စကားနိုင်လုခိုင်းတဲ့ "Fight"ဆိုတဲ့ လူကြိုက်များတဲ့Appတစ်ခုရှိတယ်။ ဒီဂိမ်းကို သုံးနှစ်လုံးစွဲစွဲမြဲမြဲဆော့ခဲ့တဲ့ကျန်းယင်က အဆင့်တစ်နဲ့ ပလ္လင်တက်သိမ်းထားတဲ့ဘုရင်ကြီးပေါ့။

လောကဘုံသားတို့အကျိုးသယ်ပိုးဖို့ရာရည်သန်သူ ကျန်းယင်မှာ မချေမငံဆက်ဆံခြင်းအတတ်ပညာကို နားကန်းတစ်လုံးမှမသိရှာသူတပည့်လေးတစ်ယောက်ကိုလက်သပ်မွေးရင်း ဆားဖြူးဘုရင်ဖြစ်တဲ့ထိ ရေကုန်‌ရေခန်း ပညာပို့ချရသေးတယ်။

Your scandals are way cuter than youWhere stories live. Discover now