သူ့အပေါ်မှာ ဖြစ်လာတဲ့အချစ်ဟာ သူပြန်ချစ်မှ
အဓိပ္ပာယ် ပြည့်ဆုံမှာမျိုးမဟုတ်ဘူး...
မြတ်နိုးစွာ ပန်ဆင်ခူးဆွတ်မဲ့သူ မရှိလည်း
ပန်းလေးတွေဟာတော့ လှပစွာ ပွင့်လန်းရမှာပဲလေ
ပျားပုတုံးလေးတွေကတော့ ပြောပါတယ်
ကျွန်တော့်ရဲ့ ဝတ်ရည်တွေဟာ သိပ်ချိုတာပဲတဲ့
တဖတ်သတ်အချစ်က ပူလောင်ရတယ်လို့
သိလိုက်ချိန်မှာတော့..ကိုယ့်နှလုံးသားလေးဟာ
သူရှိတဲ့အရပ်ကို ကျုံ့ဝင်သွားခဲ့ရတယ်
အရန်လူအဆင့်နဲ့ သူကိုပိုင်ဆိုင်ချင်မိခဲ့တာ
သူ့အပေါ် အရိုးသားဆုံး ဖြောင့်ချက်ပေးဆိုရင်တော့
မြတ်နိုးစွာ ချစ်ခဲ့ရခြင်းတွေပါဘဲ အဲ့အတွက်
ပြစ်ဒဏ်ဟာ သူ့အချစ်တွေနဲ့ ထာဝရ
အကျဉ်းကျခံရခြင်း....🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀
~~~ဒေါက်~~ဒေါက်~~ဒေါက်~~~
Jm-ဝင်ခဲ့ပါ...
မျက်လွှာလေးပင့်ရင်း သူဆီလာနေတဲ့ခြေလှမ်းတွေ
အတိုင်း ကြည့်လိုက်တော့ ကော်ဖီခွက်လေးနှစ်ခွက်ကို မြှောက်ယမ်းပြကာ ကြည်လင်စွာ ပြုံးပြနေသော ထို
လူသားကိုမြင်လိုက်ရတာနဲ့ ရင်ခုန်နှုန်းလေးတွေ
ဟာလည်းတိုးလာရတော့သည်။Yg-doctor duty ချိန်က ဘယ်တော့လဲ
Jm-နောက်တစ်နာရီမှ
Yg-ဒါဆို ကိုယ်တို့စကား ခဏပြောရအောင်
Jm-ဟို..မနေ့က
Yg-အင်း မနေ့ကအတွက် ကိုယ်တောင်းပန်ပါတယ်
တညလုံးစိတ်ပူနေတာ ကိုယ်အလျင်လိုသွားတယ်လေ
အဲ့အတွက်တော့ ကိုယ်တို့ အခင်မင်မပျက်ကြရအောင်
နော်..ကိုယ် ဆင်ခြင်ပေးပါ့မယ်..ပြီးတော့ ji လည်း
စဉ်းစားချိနိယူသင့်တာပေါ့..ကိုယ်မလောပါဘူးJm-ဟုတ်..
Yg-ဒါဆို ကိုယ်နဲ့ ပန်းခြံထဲသွားရအောင်
Jm-အင်း..သွားလေ
•
•
•
Yg-ကိုယ် ဝင်စရာလေးရှိလို့ အရင်တက်သွားလိုက်နော်Jm-ဟုတ်..
အရင်လာနေကျ ခေါင်မိုးထပ် ပန်းခြံလေးဟာ အတော်
ပြောင်းလဲနေသလို....
မီးရောင်စုံ လေးတွေဟာသစ်ပင်လေးတွေ ခုံတန်းလေးတွေ ပေါ်မှာအပြည့်ထွန်းထားတာကြောင့် လင်းထိန်ကာ ညအလှနဲ့အတူပြီးပြည့်ဆုံလွန်းနေပေမယ့်..ပိုပြည့်စုံသွားစေခဲ့တာက လေထုအေးအေးလေးထဲ လွှင့်ပြယ်လာတဲ့ သာယာနာပျော်ဖွယ် ဂီတာသံတစ်ခုနဲ့အတူ ချိုမြိန်ဆုံး အသံလေးတစ်ခု...
YOU ARE READING
It is you 🍂(Completed)
Fanfiction#my own plot #all about love & life #taejinkook 💜 #Army 💜 It is you ✨Start-(25.6.2021) ✨End-(3.8.2021)