part_1

2.2K 115 1
                                    

<Unicode>

ဘူဆန်မြို့လေးရဲ့ ပင်လယ်ကမ်းခြေအစပ်နားလေးမှာထိုင်ရင်းတစ်ဖက်ကလှိုင်းလုံးတွေကိုငေး‌ေမာနေမိသည်။
ကြီးမားသည့်နဂါးတစ်ကောင် လူးလွန့်နေသလိုအစဉ်မပြတ်လှိမ့်ဆင်းလာတဲ့လှိုင်းလုံးကြီးတွေကိုအဝေးကနေမြင်နေရတာကလည်းထိုမြင်ကွင်းကိုရိုးအီသွားခြင်းမရှိ။

တောင်ဘက်ကပင့်တက်ရိုက်ခတ်လာသည့် လေကြိုးကြာကဖြတ်သန်းလာခဲ့သောသူ၏ခရီးတာကို အဆုံးသတ်မရဘဲတဟူးဟူးတဟဲဟဲ ‌အသံမြည်လျက်မောဟိုက်နေတော့၏။

အမြဲတမ်းသေသပ်ကျနစွာဖီးထားတတ်သည့်သူ့ဆံပင်တွေ ထင်တိုင်းဆွဲနှောက်မွေ့ယမ်းနေသည့်အဖြစ်ကိုပဲ ကင်ထယ်ယောင်းကျေနပ်နေသည်။

ဖိုက်ဘာပြားနှင့်အတူ ရောညှပ်ထားသည့်ဖိုင်ထဲက စက္ကူစတွေကလည်း တဖျတ်ဖျတ်ခါနေကြသည်။
သူထွက်လာခဲ့တာဒီနေ့နဲ့ဆို ဆယ့်သုံးရက်ရှိသွားပြီ။
 
‘နောက်လမကုန်ခင် သားလက်ထပ်ရမယ်နော်' 

ဟုသီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရှေးရိုးစဉ်လာ ထုံးစံတစ်ချက်ကိုလက်ကိုင်ထားတဲ့ အဒေါ်အပျိုကြီးတွေခုချိန်လောက်ဆိုဘယ်လောက်တောင်ယောက်ယတ်ခတ်နေကြမလဲ။
 
   ‘အမလေး ရုပ်ရှင်မင်းသားမှမဟုတ်ဘူးနော် စာရေးဆရာလည်းနာမည်‌ေကျာ်လာရင် ဒုက္ခများတာပဲ၊ ရုပ်ပြစာအုပ်တွေကျောဖက်မှာကြည့်ပါလား နည်းနည်းလေနာမည်ကျော်လာတာနဲ့ ဆရာ့ကိုအားပေးနေတဲ့ ဘယ်သူပါ ဘာညာပါ၊ ဆရာ့မှာအိမ်သူမရှိဘူးလား အဖော်မရှိဘူးလား ဓာတ်ပုံလေးထည့်ပေးပါနော်...အို...ကဲလိုက်ကြတာ မပြောချင်တော့ဘူး ...အိမ်ထောင်သည်ဆိုအကြောင်းလား..ကျုပ်တို့သားကလူပျိုချောချောလှလှလေး ဓာတ်ပုံသာထည့်ပေးလိုက်မိရင်သွားပြီ'

    ‘ဟုတ်တယ် ..ဟုတ်တယ် ဒီကလေးကိုမီယောင်းနဲ့မြန်မြန်လက်ထပ်ပေးလိုက်မှ အေးမှာ ကျုပ်တို့အပျိုကြီး‌ေတွစုပြုံပေးမယ့် အမွေတွေကိုမက်ပြီး အကြံကြီးကြံသူနဲ့မတွေ့ဘူးလို့ ပြောလို့ရမလား'
 
   ‘ဟုပါ့'

အဒေါ်သုံးယောက်သည် ကပ်စေးနဲလှသည်မဟုတ်သော်လည်း စည်းစိမ်ဂုဏ်ရှိန်နဲ့မာနတရားကတော့ အလွန်တရာကြီးသည်။

Somewhere In The Heart {Taekook}Where stories live. Discover now