Uncover 3

2.3K 376 43
                                    

ချန်းယောလ်တို့ သုံးယောက်ရဲ့ လမ်းလယ်က စကားဝိုင်းလေးက အခုထိ မပြီးပြတ်သေး...။ အကြောတင်းနေတဲ့ ချန်းယောလ်ကို ပြုံးပြီး အလိုလိုက်သလို ကြည့်နေတဲ့ ဘတ်ဟျွန်းဟာ ချန်းယောလ်ရဲ့ ကားအဖြူလေးကို မှီရပ်ထားသည်။

”ယောလ်ရယ် ကိုယ့်ကားပေါ်တက်တော့
နေပူကြီးထဲ နေလောင်ခံနေတာ ကိုယ်မကြိုက်ပါဘူး ”

”ခင်ဗျားသာ လာရာလမ်းကို ပြန်လိုက်တာ ပိုမကောင်းဘူးလား ဗြောင်ဘတ်ဟျွန်း
ကျွန်တော်ကတော့ ကျွန်တော့ချစ်သူနဲ့ Date လုပ်ဦးမှာ ”

ဒီကောင်လေး တကယ်မသိတာလား?
ကျွန်တော့ချစ်သူ ကျွန်တော့ချစ်သူဆိုတဲ့ စကား
ဘတ်ဟျွန်းရဲ့ ဒေါသကို ဆွနေတယ်ဆိုတာ...။

”တော်ရုံပဲပေါ့ Channie
ငါ နားကြားမြင်းကပ်နေပြီနော် ”

ချန်းယောလ်က လှောင်ရယ်ရယ်လာပြီး

”နားကြားမြင်းကပ်ရင်လည်း
ကြွလိုက်တော့ CEO Byun ”

ဘေးက မီဆိုလက်ကို လှမ်းဆွဲလိုက်ပြီး ချန်းယောလ်ထွက်သွားဖို့ လုပ်လိုက်သည်။

”ငါကောင်းကောင်းပြောနေတာ ငါ့ကောင်လေးက လက်မခံချင်ဘူးပဲ ”

တင်းသွားတဲ့ လက်သီးစုပ်နဲ့အတူ တိုးတိုးလေး ရေရွတ်လာပြီးနောက် ဘတ်ဟျွန်းနောက်လှည့်ကြည့်လိုက်သည်။ Boss ရဲ့ အချက်ပေးမှုမြင်တာနဲ့ အနားရောက်လာတဲ့ သက်တော်စောင့် လေးယောက် ။

”အဲ့လက်လွှတ်လိုက်တာ ကောင်းမယ်နော် ဘေဘီ ”

ချန်းယောလ်ကိုင်ထားတဲ့ မီဆိုလက်ကို ကြည့်ရင်း မျက်နှာသေနဲ့ ဘတ်ဟျွန်းသတိပေးမိသည်။ အကြောတင်း​လေးက လက်မခံတော့လည်း မတတ်နိုင်ဘူးပေါ့...။

”သူ့ကို ကားပေါ်တင်လိုက် …”

Boss ရဲ့ အမိန့်တစ်ချက်အောက်မှာ လှုပ်ရှားလာတဲ့ လူတွေကြောင့် ချန်းယောလ် မျက်လုံးပြူးသွားရသည်။

”ခင်ဗျား ”

မီဆိုဟာလည်း ဘတ်ဟျွန်းလူတွေရဲ့ အားနဲ့တွန်းထုတ်မှုကြောင့် လမ်းမဘေးမှာ ပုံလျက်သား ။
အနောက်တိုင်းလူကြီးတွေရဲ့ လက်ထဲမှာ ချန်းယောလ်လည်း ကစားစရာရုပ်သာသာ ပါသွားတော့သည်။

Uncover <Completed>Tempat cerita menjadi hidup. Temukan sekarang