1

4.3K 96 7
                                    

သာယာမနက်ခင်းမှာရွှင်လန်းစွာထရတာလဲဆုလက်တစ်ခုမဟုတ်လားအိမ်ကအမေမနိုးဘဲကို့အသိစိတ်နဲ့ထရင်တော့မနက်ခင်းကစိုပြေလို့ညကစာအလွန်အကြူးလုပ်မိပြီးမနက်မထနိုင်ရင်တော့တစ်နေ့လုံးအမေဆူသံကြားရမယ်  ဘဝကသူများအမြင်သူဠေးသမီးပေါ့လက်တွေ့ကသူများအမြင်နဲ့မတူ
ပိုက်ဆံရှိတော့လိုချင်တာအားလုံးရတာပေါ့သူတို့ခိုင်းတာလုပ်ပေးရင်    ကိုယ်လဲသူ့သမီးဘဲဒါပေမဲ့သူ့ရဲ့နောက်ယောကျာ်းနဲ့ရတဲ့ကလေးနဲ့ဆိုင်ရင်တော့ကိုယ်ကအရာရာဒုတိယ  အငယ်လေးစိတ်တိုအောင်ကိုယ်မလုပ်ရဲဘူးလုပ်မိရင်ကိုယ်ဘဲအရိုက်ခံရမှာနကိုးကတည်းကနှလုံးအားနည်းသူဆိုတော့ကိုယ့်ကိုဂရုစိုက်ရတယ်အမေဂရုမစိုက်ပေးဘူးလားဆိုတော့ဂရုစိုက်ပေးပါတယ်ကိုယ်အမှားမလုပ်ခင်ပေါ့အာ့ကြောင့်အရာရာဂရုတစိုက်လုပ်တယ်အမှားမရှိအောင်အမှားလုပ်မိတာနဲ့" မနေချင်ရင်အိမ်ကထွက်သွား"အမေရဲ့စကားသံတကယ်ကိုယ်အိမ်ကမထွက်သွားရဲဘူးကိုယ့်ကလူကြောက်တက်တယ်ပြီးတော့ကိုယ်ဟာကိုရပ်တည်နိုင်ဖို့မပြည့်စုံသေးဘူးပြည့်စုံတဲ့တစ်နေ့တော့ထွက်သွားမယ်လို့စဥ်းစားထားတယ်

ကိုယ့်မှာသူငယ်ချင်းတစ်ယောက်ရှိတယ်အူကြောင်ကြားနဲ့ကိုယ်ကငြိမ်သလောက်သူကစပ်စလူးစိန်သူနာမည်က Jisoo

"Jennie ဘယ်လိုလုပ်နေတာလဲ"

Jen အတွေးထဲနစ်နေတုန်းအမေရဲ့အော်သံ

တောင်း...တောင်းပန်ပါတယ်အမေ

မိန်းကလေးဖြစ်ပြီးဒီဟင်းကိုဘဲ​မွှေခိုင်းတာအဲ့လောက်အဖြစ်မရှိရလားမနေချင်ရင်ပြောအိမ်ကထွက်သွားမနမျော်ဘူးအဲ့ဟင်းတူးကိုမင်းဘဲစားလိုက်

ဟုတ်နောက်တစ်ခါဂရုစိုက်ပါ့မယ်

မနက်ထတာနဲ့အိမ်ကအကူနဲ့အတူလိုက်ကူလုပ်ရတယ်အလုပ်အကုန်လုပ်ခိုင်းတာတော့မဟုတ်ဘူး Jen ကလိုက်ကူရုံဘဲဒီမနက်အတွေးများ​ေနတုန်းဟင်းဘယ်ချိန်တူးသွားမှန်း Jen မသိလိုက်ဘူးတူးသွားတဲ့ဟင်းနဲ့ဘဲ Jen မနက်စာစားပြီးကျောင်းသွားဖို့​​ပြင်လိုက်တယ်

Chae ဒီနေ့အမေမင်းကိုလိုက်ပို့ပေးမယ်မနက်စာကျွေးဖို့ဟိုတစ်ယောက်ကဒရိုင်ဘာနဲ့သွားပါစေ

Just For You(U+Z)Where stories live. Discover now