2018 တုန်းကလူကလေးတစ်ယောက်ထိုင်ခုံပေါ်မှာထိုင်ရင်းသူ့ရဲ့ဖုန်းထဲက Facebook ဆိုတဲ့ App ကိုအလုပ်မရှိအကိုင်မရှိထိုင်ပွတ်နေသည်ရုတ်တရက် Facebook ပေါ်က Video တစ်ခုကိုသူတွေ့ခဲ့တယ်သီချင်းကဘာပါလိမ့် အော်သီချင်းခေါင်းစဉ်က Solo တဲ့သူအဲ့သီချင်းနားထောင်တယ်သူသီချင်းစာသားတစ်ကြောင်းကိုတော်တော်လည်းမှတ်မိသွားတယ် I'm going solo. ..lo. ..lo
သူအဲ့သီချင်းကိုအရမ်းကြိုက်မိသွားတယ်ဒါပေမဲ့သူသီချင်းဆိုတဲ့သူကိုမသိဘူးသနားစရာလူကလေးက Kpop ကိုသိပေမဲ့ Kpop ကိုမရူးသွပ်တဲ့သူ..သူကသီချင်းဆိုသူကိုအရမ်းကြွေသွားတော့သူမအကြောင်းသိချင်တာပေါ့သူမလေးကပါးဖောင်းဖောင်းလေးရယ်ရယ်လိုက်ရင်ပေါ်လာတဲ့သွားသေးသေးလေးတွေရှိတယ်ဟိုသူတွေ့ပါပြီသီချင်းအဆုံးမှာပါလာတဲ့သူမလေးရဲ့နာမည် JENNIE FROM BLACKPINK "အိုသူမေလးက BLACKPINK အဖွဲ့ကလား" လူကေလး ထို group အကြောင်းကို FB ပေါ်အသေးအသန်ရှာတယ်ဟော်သူတွေ့ပါပြီ " ခင်ဗျားတို့သိလားသူတို့အဖွဲ့ကမိန်းကလေး လေးယောက်နဲ့ဖွဲ့ထားတာ"
သူဆက်ရှာတယ်ထိုအဖွဲ့ရဲ့အကြောင်းကို"ငါတော်တော်လေးအံသြသွားတဲ့သူတို့အဖွဲ့မှာမျက်လုံးပြူးပြူးနဲ့ထိုင်းမလေးတစ်ယောက်ပါတယ်သူမလေးကဘာဘီရုပ်နဲ့တူတယ်လို့လူများကပြောကြတယ် ဟုတ်တာပေါ့သူမလေးခြေတန်ရှည်ကြီးနဲ့ဘာဘီရုပ်နဲ့တအားတူတာပြီးတော့ဘာတဲ့သူ့ကိုခေါ်ကြတယ် အစ္ကိုနိုတဲ့ဟီးဟီး မိန်းကလေးတစ်ယောက်ကိုအစ်ကိုဆိုတော့ကျွန်မဖြင့်ကြောင်သွားတယ်"သူဆက်ရှာနေတုန်းသူတို့ရဲ့သီချင်းနောက်တစ်ပုဒ်ကိုထက်တွေ့တယ် "DDu Du DDu Du"ထိုသီချင်းက BP ရဲ့သီချင်းတွေထဲမှာသူအကြိုက်ဆုံးပါတဲ့ထိုသီချင်းထဲကကောင်မလေးတစ်ယောက်ကိုသူသတိထားမိတယ်ဆံပင်အနီရောင်နဲ့ကောင်မလေးဂါဝန်ရှည်ကြီးနဲ့တော်တော်လည်းကိုနန်းဆန်တယ်ကောင်မလေးကရှက်ကိုးရှက်ကန်းနဲ့ရယ်ပုံစံလေးကချစ်စရာလေးပေါ့ကောင်မလေးအသံကနာသံနဲ့ ကောင်မလေးကလဲနယူးဇီလန်မှာမွေးပြီးသြဇီမှာနေခဲ့တာတဲ့သူတို့ရဲ့သီချင်းတွေကိုသူအကုန်နီးပါးနားထောင်ခဲ့တယ်သူနောက်ထက်ရှာတွေ့ခဲ့တာကသူတို့သွားခဲ့တဲ့ Virety show တွေပါဘဲအဖွဲ့ထဲမှာအသက်ကြီးဆုံးဖြစ်ပြီးအပေါဆုံးချစ်စရာအကောင်းဆုံးကောင်မလေးကိုသူအဲ့မှာစတွေ့တာဘဲကောင်မလေးကသူ့အငယ်လေးတွေကိုအရမ်းချစ်ရှာတာအငယ်လေးသုံးယောက်ကိုစောင့်ရှောက်တယ်ကာကွယ်ပေးတယ်ပြီးတော့သူပြောသေးတယ်"ကလေးတွေငိုပေမဲ့ငါမငိုဘူးငါကအကြီးလဲ" တကယ်သူအငယ်လေးတွေကိုတစ်အားချစ်ရှာတာ
ကြားမှာလူကလေးကဆယ်တန်းကျောင်းသားဆိုတော့ကြောင့် အဆောင်ဝင်ရတယ်လူကလေးကောင်မလေး လေးယောက်ကိုတစ်အားစွဲနေတာစားလဲဒီစိတ်အိပ်လဲဒီစိတ် လေးယောက်ထဲမှာသူအကြိုက်ဆုံးအချစ်ဆုံးက Jennie တဲ့တစ်ခြားသူတွေကိုမကြိုက်ဘူးမဟုတ်ဘူးနော်အခြားသုံးယောက်ကိုသူကြိုက်တယ်ဒါပေမဲ့ Jennie အကြိုက်ဆုံးပါတဲ့ကျောင်းပြီးသွားတော့သူကောင်မလေးတွေကိုသူရဲ့အချိန်တွေအားလုံးပေးထားတယ်အရင်ကထက်ပိုပြီး support ပေးတယ် MV တွေကိုလဲခေါင်းမူးနောက်ပြီးဖုန်းမကြည့်နိုင်တဲ့အထိ stream ပါတယ်သူ့ဖုန်းမှာဆိုကောင်မလေးရဲ့ပိုတွေကြီးနေရာယူထားတာအော်မေ့တော့မလို့သူကလဲ Jenlisa shipper အကြီးစားပါတဲ့ blink အခြောက်ကြီးပေါ့ဟားဟား ပြီးတော့အမှောင်လူသားကြီး Wattpat ထဲကအမှောင်တွေချဉ်းပါတဲ့ Fic ကိုသူရွေးဖတ်တာ
တစ်နေ့လူကလေးမျက်ရည်စက်လျက်နဲ့ဖုန်းကလေးကိုကြည့်နေတယ်မနက်စောစောသူသတင်းတစ်ခုတွေ့လိုက်တယ် Jennie နဲ့ G dragon ရဲ့ Dating လူကလေးမစားနိုင်မသောက်နိုင်ဝမ်းနည်းပတ်လျက်နဲ့တစ်လတိတိဖြစ်ပျက်နေခဲ့တာလူကလေးဝမ်းနည်းစိတ်ကိုဖြေဖျောက်လို့ငြား TikTok. ဖွင့်ကြည့်တယ်အပေါ်ဆွဲလိုက်အောက်ဆွဲလိုက်လုပ်နေရင်းသတင်းတစ်ခုကိုတွေ့တယ် Jennie and G dragon dating is fake လူကလေး ထခုန်လောက်ထိပျော်သွားတယ်သူအဲ့သတင်းမှန်ဖို့ဆုတောင်းရင်းထိုသတင်းနဲ့ဆိုင်တဲ့အကြောင်းရင်းကိုလိုက်ရှာတယ်ဟုတ်ပါတယ်သတင်းကအမှန်ပေါ့ဒီလိုနဲ့လူကလေးရဲ့စိတ်ဟာပုံမှန်ပြန်ဖြစ်လာတယ်ပိုပြီးတော့ကောင်မလေးတွေကိုချစ်လာတယ်ပိုပြီးအားပေးလာတယ်ကောင်မလေးတွေကသူရဲ့နှလုံးသားကိုအပိုင်ရထားတဲ့သူတွေပါဆက်ပြီးတော့တစ်ခြားအဖွဲ့တွေကိုမချစ်နိုင်သလိုနေရာမပေးနိုင်ဘူးလူကလေးကကောင်မလေးတွေကိုသူရဲ့နှလုံးသားထဲမှာနေရာအပြည့်ပေးထားတာလူကလေးအချစ်ရဆုံးသောကောင်မလေးလေးယောက်ပေါ့