VampireမလေးLiLi

744 32 6
                                    

တစ်နေ့မှာ Jennie,Jisooနဲ့သူငယ်ချင်းတစ်တွေ လူသူမနီးတဲ့တောထဲမှာ အပျော်ခရီးထွက်လာကြတယ်။တောထဲမှာ မိုးတွေသည်းထန်စွာရွာနေတာကြောင့် ဘာကိုမှမြင်ရသလို သူငယ်ချင်းတွေအားလုံးဟာ ကြောက်လန့်နေကြတယ်။ မိုးကြိုးတွေလဲပြစ်၊လျှပ်စီးတွေလဲလပ် လေတွေကလဲ အသည်းအသန်တိုက်ခတ်နေတယ်။ ဒီလိုနဲ့ တည်းခိုတဲ့နေရာကို အမြန်ရောက်ဖို့ ကားကိုဆက်မောင်းသွားတယ်။မိုးတွေသည်းထန်းစွာရွာနေတာကြောင့် ကားဟာလမ်းချော်ပြီး ချောက်ထဲကိုပြုတ်ကျသွားတယ်။ Jennieဟာ အပေါက်ဘေးမှာ ထိုင်နေတာကြောင့် ကားကစောင်းပြီး Jennieတစ်ယောက်တည်း လွင့်စင်ပြီး အလွန်အန်တရယ်များတဲ့ Vampireတွေနေထိုင်တဲ့ ဂူဘက်ကို လွင့်ထွက်သွားတယ်။ Jisooနဲ့အဖွဲ့သားတွေကတော့ ကားနဲ့အတူ တခြားနေရာကို ပြုတ်ကျသွားတယ်။ Jennieကတော့ ခေါင်းကို အပင်နဲ့တိုက်မိပြီး မေ့သွားတယ်။ Jennieဟာ ချုံပုပ်တွေကြားမှာ သတိလစ်နေတယ်။ မိုးတွေသည်းထန်စွာရွာနေတာကြောင့် Vampire တွေအကုန်လုံး ဂူတွေထဲမှာ အောင်းနေကြတယ်။ ဒါပေမဲ့ တစ်ယောက်တည်းသော Vampireမလေးကတော့ ဗိုက်ဆာနေတာမို့ အစာရှာဖို့အတွက် ဂူအပြင်ဘက်ကို ထွက်လာတယ်။ ဂူအပြင်ဘက်ရောက်တဲ့အချိန်မှာ သူ့ရဲ့နှာခေါင်းထဲမှာ လူသားတစ်ယောက်ရဲ့အနံ့ကို ရတာကြောင့် သူပြေးပြီးအနံ့ရှိရာကို အနံ့ခံလိုက်လာရင်း သစ်ပင်ဘေးချုံပုပ်ကြားမှာ လူတစ်ယောက်ကို တွေ့လိုက်တယ်။ Vampireမလေးလဲ သွေးဆာနေတာကြောင့် အပြေးသွားပြီး Jenniရဲ့ဘေးမှာ ထိုင်ချလိုက်ရင်း လည်ပင်ကို အုပ်နေတဲ့ ဆံသားတွေကို ဖြည်းဖြည်းချင်း ဖယ်ချလိုက်ရင်း သွေးစုပ်မယ်အလုပ်မှာ Jennieရဲ့မ်က္နှာဟာ သူ့ေရှ့မှာ စောင်းကျလာတယ်။  သူသေးစုပ်ဖို့တောင် မေ့သွားပြီး Jennieရဲ့မျက်နှာကို စိုက်ကြည့်နေခဲ့တယ်။အချစ်ဆိုတာ ဘာမှန်းတောင်မသိတဲ့ Vampireမလေးက Jennieရဲ့ကို မြင်မြင်ချင်း စိတ်ဝင်စားသွားတယ်၊
တကယ်တမ်းကျရင်ချစ်နေတာပါ။ ဒါပေမဲ့ချစ်လို့ချစ်မှန်းမသိခဲ့ဘူးပေါ့။ သွေးမစုပ်ရက်တော့ပဲ Jennieကို ကကယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ Vampireမလေး သတိထားမိသွားတာက မိုးရွာနေတာ တိတ်သွားပြီဆိုတာကိုပေါ့။ အဲတာဆိုရင် ကျန်တဲ့ Vampireတွေ ထွက်လာပြီး ကောင်မလေးရဲ့ သွေးကို စုပ်ယူကြလိမ့်မယ်ပေါ့။ Vampireမလေးဟာ Jennieကို ပွေ့ချီပြီး တခြားသွေးစုပ်ဖုတ်ကောင်တွေနဲ့ဝေးရာ ဂူတစ်ခုဆီကို ခေါ်ဆောင်သွားတယ်၊
ကောင်မလေးရဲ့ အကျီတွေရေဆိုနေတာကြောင့် အကျီတွေချွတ်ပေးပြီး သူ့ရဲ့အဝတ်ခြုံထည်ကို လဲဝတ်ပေးလိုက်တယ်။ ဒါပေမဲ့ကောင်မလေးဟာ မိုးမိထားတာကြောင့် ဖျားနေလေရဲ့။ ကောင်မလေးရဲ့ နှုတ်ခမ်းသားတွေ တဆတ်ဆတ်တုန်နေတယ်။ Vampireမလေးဟာ သူ့ရဲ့ရင်ခွင်ထဲမှာပွေ့ဖက်ပြီး အနွေးဓာတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး...ကောင်မလေးကို ပွေ့ဖက်ထားလိုက်တယ်။ ဒီလိုနဲ့တဆတ်ဆတ်နေတဲ့ နှုတ်ခမ်းသားတွေ ငြိမ်သွားပြီး ..ကောင်မလေးရဲ့လက်တွေဟာ Vampireမလေးကို ဖက်ထားလိုက်တယ်။အဲဒီအချိန်မှာ Vampireမလေးရဲ့ နှလုံးခုန်သံတွေဟာ မြန်သထက်မြန်လာပြီး နှလုံးခုန်သံဟာဆိုရင် ဗုံတီးနေသလားလို့ ထင်မှတ်ရအောင် ကျယ်လောင်လာတယ်။ Vampireမလေးရဲ့နှလုံးခုန်သံကြောင့် Jennieနိုးလာပြီး Vampireမလေးကို မြင်မြင်ချင်းလန့်သွားတာကြောင့် တွန်းထုတ်လိုက်တာ နောက်ကို လန်လဲသွားပါလေရော။ဘေးမှာချထားတဲ့သူ့အကျီကိုမြင်ပြီး Jennieသတိထားမိပြီး သူ့ကိုသူငုံ့ကြည့်လိုက်တော့ ခြုံပေးထားတဲ့ ခြုံထည်ဟာ အောက်မှာပုံပြီး အပေါ်ပိုင်းမှာတော့ ဟာလာဟင်းလင်းဖြစ်နေတာတွေ့တော့ ခြုံထည်ကို ဆွဲယူခြုံလိုက်တယ်။ နောက်ပြီး Vampireမလေးကို စူးစိုက်ကြည့်လိုက်ပြီး....
(Jennie.....)  ကျမဘယ်ရောက်နေတာလဲဟင်

You've reached the end of published parts.

⏰ Last updated: Jul 06, 2021 ⏰

Add this story to your Library to get notified about new parts!

Vampireမလေး LiLiWhere stories live. Discover now