Unicode
ခက်ဆစ်မင်းပိုင်
ဒီနေ့က စနေနေ့ ကျောင်းပိတ်ရက်ဆိုတော့ ပျင်းလိုက်တာ ညကျရင် ဘယ်ကို သွားရင်ကောင်းမလဲ?🤔
ဟုတ်ပီ ငါကြားထားတာ ဟိုနေ့က club အသစ်တစ်ခု ဖွင့်တယ်ဆိုဘဲ အောင်ပြည့်ထွဋ်နဲ့ လင်းဆက်သစ်ကို gp chatကပြောပီး ညကျသွားရမယ်
ခက်ဆစ်- Hi သူငယ်ချင်းလေးတို့ ညကျ အသစ်ဖွင့်ထားတဲ့ barကို သွား လေ့လာရအောင်
ထွဋ် -အေး ပျင်းနေတာနဲ့အတော်ဘဲ သွားကြမယ် လင်းဆက် မင်းရော ဘယ်လိုလဲ?
လင်းဆက်- မင်းတို့၂ကောင်တောင် သွားမှာလေ ငါလည်း လိုက်မှာပေါ့ ငထွဋ် မင်း ငါ့ကို ဝင်ခေါ်ခဲ့ ငါ့ကားဆေးရုံရောက်နေလို့
ထွဋ်- အေး ဟုတ်ပီ ဝင်ခေါ်ခဲ့မယ်
ခက်ဆစ်- ဒါဆို ငါတို့ ၈နာရီလောက် ဆုံကြမယ် ငါတော့ barကိုဘဲ တန်းလာခဲ့မယ် see you ငါ့ကောင်တို့
ထွဋ်,လင်းဆက်- အေးအေး see you
ကျွန်တော်က ခက်ဆစ်မင်းပိုင်ပါဗျ law major က နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက် အသက်က 21နှစ် အရပ်က ၅ပေ၉လက်မပေါ့ မိဘတွေက ကျွန်တော် ငယ်ငယ်လေးတည်းကဆုံးသွားခဲ့ပီ ခုတော့ အဖေရဲ့ညီ ကျွန်တော့်လေးလေး လူပျိုကြီးနဲ့ဘဲ အတူနေတယ်ဆိုပါတော့
လေးလေးဆိုလို့ အသက်ကြီးကြီး ရုပ်ဆိုးဆိုး အဖိုးကြီးလို့မထင်လိုက်လေနဲ့ ခုမှ အသက်၃၀ စွန်းစွန်းလေးဘဲရှိသေးတဲ့ ဥစ္စာပေါ ရုပ်ချောလူပျိုကြီးလေ ကျွန်တော့်အတွက် လေးလေးက အားကိုးအားထားရာနဲ့ ကျွန်တော် ဂျစ်ကျစရာ တစ်ဦးတည်းသော အုပ်ထိန်းသူကြီးပေါ့
ဒါလေးက ကျွန်တော့်ရဲ့ အကြောင်းလေးလေ readerတို့သိအောင် ပြောပြတာပေါ့ ခုတော့ ညကျ သူငယ်ချင်းတွေနဲ့ သွားဖို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဦးမယ်
အော် မုန့်ဖိုးတောင်းရဦးမှာဘဲ လက်ထဲ ပိုက်ဆံမှ သိပ်မရှိတော့တာ
ဒါကြောင့် လေးလေး အလုပ်လုပ်နေတဲ့အနားလေးသွားပြီး...
"လေးလေး"
"အင်း ပြောလေ ခက်ဆစ်"
"ဟိုဟာလေ ညကျရင် သူငယ်ချင်းတွေနဲ့ အပြင်သွားမလို့ အဲ့ဒါ...."
![](https://img.wattpad.com/cover/272358482-288-k796406.jpg)
YOU ARE READING
အဆိုးလေးရဲ့ Daddy
RomanceUnicode မိမိ ရင်ခုန်မယ့် ချစ်သူကို စောင့်ဆိုင်းနေတဲ့ကောင်လေးက သူ့ထက် ၈နှစ်ကြီးတဲ့ Daddy ကြီးတစ်ယောက်ကိုမှ ချစ်မိသွားပီး ထိုလူကြီးက dom & sub RSကိုမှ သဘောကျတဲ့ လူကြီး ဖြစ်နေသောအခါ.... Dom & Sub BDSMတွေ ပါဝင်မှမို့ မိမိ ကြိုက်နှစ်သက်မှ လာဖတ်ကြပါ Zawgi...