Chapter[8]

1.9K 148 14
                                    

ရွာ​နေတဲ့မိုးစက်​​တွေကို ပြတင်း​ပေါက်​ကလှမ်းကြည့်​တယ်​ တစ်​စက်​စက်​ကျ​နေတဲ့ တံစက်​မြိတ်​ကမိုး​ရေစက်​​တွေလိုပဲ ​အေ့ နှလုံး​သွေး​တွေလဲ တစက်​စက်​ ကျ​နေတယ်​ နာကျင်​ရပါတယ်​ စပြိုင်​ထဲကမနိုင်​မှန်းသိ​နေတာမို့ အရှုံးဆိုလဲ အရှုံးသမားပဲ​ပေါ့ ဒိုင်းဆုကြီးကိုင်​ပြီးရှုံး​နေရသူမို့ လက်​ထဲပိုင်​ထားတာကို​တော့ဖြင့်​ သ​ဘောထားကြီးကြီးသူတစ်​ပါးမ​ပေးပစ်​ချင်​တာမို့ ဒိုင်းဆုမြင်​တိုင်းနာကျင်​မယ်​သိရင်​​တောင်​ ​အေ က လက်​မလွှတ်​ချင်​ပါဘူး....အရင်​လို ​ကျောင်းပို့ဖို့ကို​​တောင်​ ​လေဆိပ်​သွားရမယ်​ဆိုတဲ့စကားနဲ့ ထားခဲ့တဲ့လူကြီးဟာ သိပ်​ကို​ပျော်​ရွှင်​​နေပုံပါပဲ ​လောကမှာ​လေ အနာကျင်​ရဆုံးက ကိုယ်​သိပ်​ချစ်​ရသူရဲ့ ရာသီဥတုဟာ သူတစ်​ပါးမျက်​နှာ​ပေါ်ကအပြုံးအရယ်​နဲ့သက်​ဆိုင်​​နေရခြင်းပါပဲ....

လူကြီးရဲ့သိပ်​လှတဲ့အပြုံး​တွေကို ​အေ ဒီ​နေ့မြင်​ခွင့်​ရခဲ့တယ်​ ကိုယ့်​​ကြောင့်​မဟုတ်​ပဲ သူတစ်​ပါး​ကြောင့်​ဖြစ်​လာတဲ့ ဒီအပြုံး​တွေကို​တောင်​ ​အေ က တယုတယမက်​​မောတယ်​...အဆိပ်​မှန်းသိခဲ့နဲ့ ​ရှေ့တိုးတဲ့ ​အေ ကသာမှားခဲ့တာပါ ခင်​​ဗျားရဲ့ ဘယ်​အရာမဆိုခင်​​ဗျားကသာအမှန်​ဆုံး.....

ခြံထဲကိုပရမ်းပတာ​မောင်းဝင်​လာတဲ့ ပြိုင်​ကားအနက်​​လေး​ကြောင့်​ ​အိမ်​ရှိလူ​တွေ အထိတ်​တလန့်​တိမ်​တိုက်​မ​ဟော်​ရဲ့အရှင်​သခင်​မ​လေးစိတ်​ကြည်​​နေဟန်​မ​ပေါ်​လေဘူးပဲ ခြံထဲကိုကား​ရောက်​​လာ​ပေမဲ့ လူက​တော့အိမ်​ထဲ​ရောက်​မလာခဲ့ဘူးစံအိမ်​အရှင်​သခင်​မ​လေးက အိမ်​​ထောင်​ပြုပြီးထဲက တိမ်​တိုက်​မ​ဟော်​ကိုပြန်​မလာခဲ့ဘူးတာမို့ ယခုပြန်​လာခြင်းဟာ ပြသနာတစ်​ခုခုဖြစ်​လာမှန်းအိမ်​ရှိလူ​တွေသ​ဘော​ပေါက်​လိုက်​တယ်​ ပြသနာဖြစ်​ပြီး ပြန်​လာရင်​​သေချာ​ပေါက်​သွားမဲ့​နေရာတစ်​​နေရာပဲရှိ​တာမို့ အလုပ်​သမား​တွေဟာ ကိုယ့်​အလုပ်​သာကိုယ်​ဆက်​လုပ်​ကုန်​ကြတယ်​.....

ခါး​စောင်း​လောက်​ရှိတဲ့​ခွေးနက်​ကြီးနှစ်​​ကောင်​က ​လှောင်​အိမ်​ကလွတ်​တာနဲ့တပြိုင်​နက်​ ​ရှေ့မှာရှိ​နေတဲ့ မိန်းမပျိုကိုယ်​​ပေါ်ကို ခုန်​တက်​တယ်​ ​ခေါင်းကိုပွတ်​​ပေးလိုက်​​တော့ လျာနဲ့မျက်​နှာကိုလျက်​ရင်း ချွဲ​နေကြပြန်​တယ်​...လက်​ထဲကပါလာတဲ့အသား​တွေကို​ကျွေးရင်း မြက်​ခမ်းစိမ်း​ပေါ်ပက်​လက်​လှဲချတယ်​...​ကောင်းကင်​ကြီးကသိပ်​လှ​ပေမဲ့အရင်​လို စိတ်​​ပေါ့ပါးမ​နေခဲ့ပါဘူး....

Do you love me again??? [Completed]Where stories live. Discover now