Part 18😘

7.9K 467 2
                                    


ရိပေါ် ရှောင်ကျန့်ကိုယ်ဝန်ရှိကတည်းကအလုပ်ထွက်ခိုင်းလိုက်သည်
သူကိုယ်တိုင်လည်းမသွားရှောင်ကျန့်ကိုမျက်စိအောက်ကအပျောက်မခံ

အခုလည်း ရေချိုးခန်းတံခါးရှေ့မှာသဘက်တထည်ကိုင်ပြီးရပ်စောင့်နေလေရဲ့ ဖြစ်နိုင်ရင်ကိုယ်တိုင်ရေချိုးပေးချင်တာ ကောကမဝင်ခိုင်းလို့သာ

"ကောမပြီးသေးဘူးလားကြာလိုက်တာ မြန်မြန်ချိုး အအေးပတ်မယ်"

"ပြီးပါပြီ ရိပေါ်ရယ် ဒီမှာခေါင်းလေးလျှော်နေလို့"
"အာ ကောရာ ဘာလို့ခေါင်းလျှော်ရပြန်တာလဲ ကောရာ ပြောရခက်လိုက်တာ"

"ဘာလဲမင်းက ငါ့ကိုပြောပျင်းသွားပြီပေါ့ ဟုပ်ပါတယ်လေ ငါကဗိုက်ပူကြီးနဲ့ဆိုတော့ချစ်ဖို့မှမကောင်းတော့တာ အီး ဟီး"
အခုမှရေချိုးပြီးထွက်လာတာကို ငိုနေတာကြောင့် အအေးပတ်မည်စိုး၍ ရိပေါ် ရှောင်ကျန့်ကိုပွေ့ကာကုတင်ဆီခေါ်ပြီး အကျီ်မြန်မြန်ဝတ်ပေးလိုက်ကာ ခေါင်းကို dryer နဲ့မှုတ်ပေးနေသည်

ဒါတောင်အငိုမတိတ်သေးတဲ့ကောပါ
ကောအခုတလောအရမ်းဝမ်းနည်းတတ်ပြီး အချဥ်လည်းအရမ်းစားသည်

အခုတောင်ရေချိုးပြီးရင်စားဖို့ကျွဲကောသီးဝယ်ခိုင်းထာတာလေ

"ကောရယ် ချစ်တာပေါ့ ကျွန်တော်ကကောနေမကောင်းဖြစ်မှာစိုးလို့စိတ်ပူပြီးပြောမိတာပါ"
"ကျွန်တော်က ကောရဲ့ဒီဗိုက်ပူပူလေးနဲ့မို့ပိုချစ်နေရတာပါဗျ"
ရိပေါ် ပြောပြီးရှောင်ကျန့်ရဲ့ ဗိုက်ပူပူလေးကို ဖွဖွလေးနမ်းလိုက်သည်
ပြီးနောက်နှုတ်ခမ်းလေးကိုမြိန်ယှက်စွာနမ်းလိုက်တော့မှအငိုတိတ်တော့သည်
ရှောင်ကျန့် နမ်းနေရင်အသက်ရှူကြပ်လာတာကြောင့်အသာလေးတွန်းဖယ်ပေမယ့ မရတာကြောင့် ရိပေါ်ရဲ့နှုတ်ခမ်းကိုကိုက်ချလိုက်တော့မှလွတ်ပေးတယ်လေ

"အ့ ကောရာ ဘာလို့ကိုက်တာလဲဗျာ ဒီမှာနာသွားပြီ"

"ကိုက်မှာပဲ ဒီလောက်ဖယ်ခိုင်းနေတာကိုဖယ်မှမဖယ်တာ လူဖြင့် အသက်ရှူကြပ်လို့သေတော့မယ် ဟွန်း"

"ဟုပ်ပါပြီခွေးပေါက်လေးရယ် ကျွန်တော်မျိုးကချစ်လို့ပါဗျာ"

အမုန်းကြိုးလေး🔞(complete)Where stories live. Discover now