Unicode
သံယောဇဉ်တွေရစ်ပတ်လာသည်နဲ့အမျှဖြူစင်သည့်ဆက်ဆံရေးကလည်းအရောင်တွေစွန်းထင်းလာခဲ့သည်
တခြားသူတို့အဖို့ပေါ့
ကျွန်တော့်အတွက်တော့ အရောင်စွန်းထင်ဖို့တောင်အခွင့်အရေးမရခဲ့ပါဘူး
သူကကျွန်တော်အမြဲငေးရုံသာငေးမောနေရသူ
သူကသစ်ပင်အောက်မှာထိုင်ပြီးပန်းထိုးရတာကြိုက်တဲ့သူတစ်ဦး
ကျွန်တော်ကအဝေးနားကသစ်ပင်ကနေသူ့ကိုခိုးပြီးငေးရရုံနဲ့တင်ကျေနပ်တဲ့သူတစ်ဦး....သူ့အနားကပ်ဖို့ထိတောင်သတ္တိမရှိတာမို့
မျှော်လင့်ချက်တွေဆိုတာလည်းသိပ်မရှိ
တစ်ခုလေးပဲတောင်းဆိုချင်တာကပြည့်မယ်လို့လည်းမထင်ပေမယ့်"သူ့ကိုတခြားလူမပိုင်ဆိုင်သွားဖို့လေးပါပဲ"
သူ့ကိုတခြားသူသာပိုင်ဆိုင်ခဲ့ရင်ငေးမောခွင့်တဖက်သက်လေးချစ်နေခွင့်လေးတောင်မရှိဖြစ်မှာကြောက်မိလို့ပါ...
သူ့ဘာသူပျော်နေတာလေးတွေမြင်ရတာကြိုက်တယ်
သူအနှောင့်အယှက်ဖြစ်မှာကြောက်တယ်
ကျွန်တော့်ဘဝတစ်ခုလုံးကိုသူကစိုးမိုးထားနိုင်နေပေမယ့်သူကတော့စိုးမိုးထားမှန်းတောင်သိမှာမဟုတ်ပါဘူး...အရာအားလုံးသူ့ဘာသူအဆင်ပြေနေခဲ့တာ
ဒီတိုင်းလေးပျော်ရွှင်ပြီးကြည်နူးခဲ့ရတာတွေအကုန်အခုတော့တစ်ညတည်းနဲ့ပျက်စီးကုန်တယ်ကျွန်တော်ဆီကိုHanahaki ဆိုတဲ့ရောဂါရောက်လာကတည်းကပေါ့..
ကျွန်တော်အဆင်မပြေတော့ဘူး..
တစ်ရက်တစ်ခြားအသက်ရှူအရမ်းကျပ်လာတယ်...ချောင်းလည်းနာရီခြားပဲကွာပြီးဆိုးနေတော့ရင်တွေပါအောင့်ပြီးနာလာတယ်..
ဒါမဲ့လည်းနာရီခြားကွာတာကိုပဲကျေးဇူးတင်ရပေအုံးမယ်
ပိုဆိုးတာကချောင်းဆိုးလိုက်တိုင်း
ပန်းပွင့်တွေပွင့်ချပ်တွေပါလာတာပဲ...
ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ပန်းတွေပွင့်ပြီးအပင်ပေါက်နေတယ်ဆိုတဲ့ခံစားချက်နဲ့တင်ရူးချင်မိတယ်...ဆေးရုံကိုသွားပြတော့ကုသလို့ရမယ့်နည်းကသူကျွန်တော်ကိုပြန်ချစ်လာရမယ်တကယ်လို့သူပြန်မချစ်ရင်ပန်းပွင့်ကြားထဲသေရလိမ့်မယ်တဲ့..
ပန်းကိုသူသိပ်ကြိုက်ခဲ့တာပန်းကသူမြတ်နိုးရတဲ့လူသားနဲ့တူလို့...
အခုတော့ဒီပန်းကြောင့်ပဲကျွန်တော်သေရတော့မယ်တဲ့လား....

YOU ARE READING
Hanahaki 🌼
Contoရယ်သံသိမ့်သိမ့်လေးကိုကြားနေရသည်မှာလည်းကျွန်တော့်အတွက် နိဗ္ဗာန်ဘုံလေးပါပဲခင်များက