"ဂရုစိုက်သွားနော် လမ်းမှာကော စားဖို့ပါပြီလား ၊
ပြီးတော့ ... Seulgi ရေ ကိုကိုပြောနေတာ အာရုံစိုက်ပါအုံး..."ဂိမ်းဆော့မပြတ်တဲ့ ဆူးလ်ဂီရဲ့ခေါင်းကို Daniel
မနာအောင်ခေါက်လိုက်သည် ။"အား နာလိုက်တာ ကိုကိုရယ် ခေါင်းပေါက်သွားပြီ
ထင်တယ်""မှိုလုံး အပိုတွေလုပ်မနေနဲ့၊ ဟိုရောက်ရင် လူမကွဲစေနဲ့နော်
ပြီးတော့ဆရာမတွေနဲ့လည်းအဆင်ပြေအောင်နေ
ကိုကို့မှိုလုံးလေးက Rome တောင်သွားနိုင်နေပြီ ။ ""အပျော်ခရီးပါနော် ကိုကိုကလည်း ..."
"လာလာ.... ကိုကို ဆရာမကို ခရီးဆောင်ကြေး
သွားပေးအုံးမယ်"အထက်တန်းနောက်ဆုံးနှစ်၊
နွေရာသီမတိုင်ခင်ထွက်မည့် ခရီးစဥ်အတွက် ၊
seulgi အား ကလေးတစ်ယောက်လိုသတ်မှတ်ပြီး
မှာနေသည့် အကိုအား ပြုံးရ်ျသာကြည့်နေလိုက်သည်။အကိုတစ်ယောက်နှင့် အဒေါ်တစ်ယောက်သာမိသားစု
ဝင်အဖြစ်ရှိသော ၊
ဆူးလ်ဂီအတွက် စိတ်မချမ်းမြေ့စရာဆိုသည်မှာ
နည်းသည်။
အကိုဖြစ်သည့် Kang Daniel က အကိုပီသစွာ ၊
ဆူးလ်ဂီမျက်နှာကိုသာကြည့်သည် ။
ယခုခရီးစဥ်အတွက်လည်း ကန့်ကွက်ခြင်းတပါဒ မျှမရှိချေ ။စာအတော်ကြီးမဟုတ်ပေမဲ့ (A) ခန်းကမဆင်းသလို ၊
သုံးနိုင်ဖြုန်းနိုင်သည့် မိသားစုထဲမှာလည်းပါ၏။
(လူလတ်တန်းစားနှင့်ကြွယ်ဝခြင်းအကြား)
ထပ်ဆောင်းအနေဖြင့် သဘာဝတရားကြီးက ...
ဆူးလ်ဂီကိုပန်းချီဆွဲပါရမီပါ ဖြည့်ပေးလိုက်ပါသည် ။💌💌💌
"ကလေးတွေ မြန်မြန်လာ ၊
အထုတ်ကြီးတွေက ကီလိုတန်းချိန်လိုက်တော့
နောက်ကျတော့မယ် သေးရင်အပေါ် box မှာထားကြ ၊
passport စစ်ရင်ကင်မရာရှေ့တည့်တည့်မှာနေကြ ၊
ရေဘူးတွေ၊မီးခြစ်တွေလည်းထားခဲ့ကြ "လေယာဥ်ကွင်းတစ်လျှောက် အတန်းပိုင်ဆရာမရဲ့
စကားသံ ၊
ကျောင်းသားတွေရဲ့စကားသံနဲ့ ၊ဆူညံနေသည်။passport စစ်ခြင်း လျှောလျှောလျှူလျှူပြီးသွားတော့
လေယာဥ်မယ်ကို passport ပြပြီး ဝင်ထိုင်နေလိုက်သည် ။