She's

476 47 4
                                    

"ဂရုစိုက်သွား​နော် လမ်းမှာ​ကော စားဖို့ပါပြီလား ၊
ပြီး​တော့ ... Seulgi ​ရေ ကိုကိုပြော​နေတာ အာရုံစိုက်ပါအုံး..."

ဂိမ်း​ဆော့မပြတ်တဲ့ ဆူးလ်ဂီရဲ့​ခေါင်းကို Daniel
မနာ​အောင်​ခေါက်လိုက်သည် ။

"အား နာလိုက်တာ ကိုကိုရယ် ခေါင်း​ပေါက်သွားပြီ
ထင်တယ်"

"မှိုလုံး​ အပို​တွေလုပ်မ​နေနဲ့၊ ဟို​ရောက်ရင် လူမကွဲ​စေနဲ့​နော်
ပြီး​တော့ဆရာမ​တွေနဲ့လည်းအဆင်​ပြေ​အောင်​နေ
ကိုကို့မှိုလုံး​လေးက Rome  တောင်သွားနိုင်​နေပြီ ။ "

"အ​ပျော်ခရီးပါ​နော် ကိုကိုကလည်း ..."

"လာလာ.... ကိုကို ဆရာမကို ခရီး​ဆောင်​ကြေး
သွား​ပေးအုံးမယ်" 

အထက်တန်း​နောက်ဆုံး​နှစ်၊
နွေရာသီမတိုင်ခင်ထွက်မည့် ခရီးစဥ်အတွက် ၊
seulgi အား က​လေးတစ်​ယောက်လိုသတ်မှတ်ပြီး
မှာနေသည့် အကိုအား ပြုံးရ်ျသာကြည့်​နေလိုက်သည်။

အကိုတစ်​ယောက်နှင့် အ​ဒေါ်တစ်​​ယောက်သာမိသားစု
ဝင်အဖြစ်​ရှိ​သော ၊
ဆူးလ်ဂီအတွက် စိတ်မချမ်း​မြေ့စရာဆိုသည်မှာ
နည်းသည်။
အကိုဖြစ်သည့် Kang Daniel က အကိုပီသစွာ ၊
ဆူးလ်ဂီမျက်နှာကိုသာကြည့်သည် ။
ယခုခရီးစဥ်အတွက်လည်း ကန့်ကွက်ခြင်းတပါဒ မျှမရှိချေ ။

စာအ​တော်ကြီးမဟုတ်​ပေမဲ့ (A) ခန်းကမဆင်းသလို ၊
သုံးနိုင်ဖြုန်းနိုင်သည့် မိသားစုထဲမှာလည်းပါ၏။
(လူလတ်တန်းစားနှင့်ကြွယ်ဝခြင်းအကြား)
ထပ်​ဆောင်းအ​နေဖြင့် သဘာဝတရားကြီးက ...
ဆူးလ်ဂီကိုပန်းချီ​ဆွဲပါရမီပါ ဖြည့်​ပေးလိုက်ပါသည် ။

💌💌💌

"က​လေး​တွေ မြန်မြန်လာ ၊
အထုတ်​ကြီးတွေက ကီလိုတန်းချိန်လိုက်​တော့​
နောက်ကျ​တော့မယ် သေးရင်အ​ပေါ် box မှာထားကြ ၊
passport စစ်ရင်ကင်မရာ​ရှေ့တည့်တည့်မှာ​နေကြ ၊​
ရေဘူး​တွေ၊မီးခြစ်​တွေလည်းထားခဲ့ကြ "

လေယာဥ်ကွင်းတစ်​လျှောက် အတန်းပိုင်ဆရာမရဲ့
စကားသံ ၊
ကျောင်းသား​တွေရဲ့စကားသံနဲ့  ၊ဆူညံ​နေသည်။

passport စစ်ခြင်း လျှော​လျှောလျှူလျှူပြီးသွား​တော့
လေယာဥ်မယ်ကို passport ပြပြီး ဝင်ထိုင်​နေလိုက်သည် ။

SHe'sWhere stories live. Discover now