Introduction

7.6K 241 6
                                    

လီကျယ်တစ်ယောက် မျက်ခုံးကိုတွန့်ချိုးလိုက်ပီး ခေါင်းကိုက်နေတဲ့ဝေဒနာကိုသက်သာအောင် ကြိုးစားလိုက်သည်..။

သူနောက်ဆုံးမှတ်မိတာက အိမ်တွင်းပုန်းရင်း ညကြီးသန်းခေါင် ရေဆာလို့ရေဆင်းသောက်ရာကနေ....... သူမှတ်မိလိုက်ပီ
"ဟာ ဒုက္ခ ဘဲ ငါရေသောက်ရင်းရေသီးပီး
သေသွားတာလားဟ"
ဟုတ်ပါတယ်..ထိုညက ရေအေးအေးကြီးကို အိပ်ချင်ဇောနဲ့ အမြန်တွေသောက်ရာကနေ ရေသီးခဲ့ခြင်းဖြစ်ပါသည်..။ ထို့နောက် ချောင်းတွေ အကြာကြီး ဆိုးကာ သွေးပါလာပြီး သူသတိလစ်သွားခဲ့သည်...အဲ့နောက်ကိုတော့ လီကျယ်လည်း မသိတော့ပါ..။
ဒီလိုဆိုရေသီးပီးတကယ်သေသွားတော့... 'အု ဟု. ငါနတ်ပြည်ရောက်ပြီကွ'
'နေပါဦး နတ်ပြည်ကဒီလို ကြောင်တောင်တောင် အာကာသလိုဟာကြီးရဲ့အလယ်မှာလား' လီကျယ်အခု ရောက်နေသော နေရာသည် ဘေးပတ်လည် အကုန္လုံး မြူမှုန် ဖြူဖြူများဖြင့် ဝေဝါးလျက်ရှိသည်..။

လီကျယ်တစ်ယောက်ကတော့ သူတွေးချင်တာတွေးပီး ကျေနပ်နေသောအပြုံးကြီးဖြင့်
"အဟမ်းး ရေဆာတယ် ရေပေါ်လာစေ"
ဆိုပီး ဆုတောင်းပစ်လိုက်တယ်
နည်းနည်းလောက်စောင့်ပီးသော်လည်း သူထင်နေသလို မည်သည့်အရာမှ ပေါ်မလာသောအခါ..
'ဟင် ဘာမှလဲမပေါ်လာပါလား'

ဘေးကsystemအသစ်စက်စက်လေး ကေတာ့ သူ့hostကိုကြည့်ပီး ပြန်လှည့်ပြေး
ချင်စိတ်တွေပေါက်နေလေရဲ့

(အဟမ်း hello host Are you ok? )
Systemလေးသည် သူ့host ခေါင်းမကောင်းတာလားလို့ သေချာအောင် scanဖတ်နေရင်းဖြင့် မေးလိုက်၏..။

လီကျယ် တွေးချင်တာတွေးနေတုန်း ဘေးကအသံကြားလို့ကြည့်လိုက်တာ အလုံးအပြာရောင်လေးတွေ့လိုက်သည်
ဘောလုံးလေးလားလို့သေချာကြည့်လိုက်တော့ မျက်လုံးလေးနဲ့
'ဘာကြီးလား မျက်လုံးကြီးနဲ့'
(ငါကမျက်လုံးမပါလို့ဘာအလုံးပါရမှာလဲဟ) systemလေး စဉ်းစားသလို ပြောလိုက်တော့
'ဟင်...မင်းငါပြောတာကြားတယ် '
(ကြားတာပေါ့ hostနဲ့ကျွန်တော်နဲ့ချိတ်ဆက်ထားတာလေ)

လီကျယ် မျက်မှောင်လေးကြုတ်ပီးစဉ်းစားလိုက်သည်..။ အင်းးသူနဲ့ ချိတ်ဆက်ပီးငါကဘာလုပ်ရမှာလဲ
ကြားသွားတဲ့systemလေးကတော့
(ကမ်ဘာပတ်မယ်လေဗျာ). ....

---------------------------------

Zawgyiနဲ့ပါ အဆင်ပြေမလားမသိဘူး အားပေးပါဦးနော် 😘

zawgyiကဖတျလို့ အဆငျပွမေပွေ မနျ့ပေးကွပါဦး

အရန် ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းSystemWhere stories live. Discover now