Part-1.6 School Love

1.5K 212 1
                                    

Moon Private schoolရဲ့ ကန်တင်းက နှစ်
ထပ်အဆောက်အအုံဖြစ်၏ ။အပေါ်ပိုင်းက
ပြင်ကျယ် ဖြစ်ပြီးအပေါ်ထပ်သည် view ကောင်းသောကြောင့် အခကြေးငွေပေး ရပြီး နေ့လည်စာအပြင် cafeနဲ့ cakeပြီးတော့ juiceမျိုးစုံရသည် အောက်ထပ်ကန် တင်းကတော့ ကျောင်းက အခမဲ့ ကျွေးသော နေ့လည်စာသာ ဖြစ်သည် ။

ကန်တင်းရဲ့ အပေါ်ထပ်ကနေပြီး အောက်ကိုလှမ်းကြည့်ရင် အောက်ထပ်မှာ သွားလာနေသော ကျောင်းသူကျောင်းသားများကို မြင်နိုင်၏ ။တော်တော်ဝေးဝေးအထိမြင်နိုင် သည် ....။
ကန်တင်းရဲ့ အပေါ်ထပ်က အစားအစာများသည် ပိုမိုသန့်ရှင်းသည်ဟု ယူဆသော ကျောင်းသားများသည် အောက်ထပ်တွင်မစားကြပါ အခုတော့ ကန်တင်းတွင် လူတွေနဲ့ စည်ကားနေလေသည် အဘယ့်ကြောင့်ဆိုသော် ကျိုးသခင်လေး မှ ဒီနေ့ကန်တင်းသို့လာစားသောကြောင့် ဖြစ်သည်...။

"ဟယ် ဒီနေ့ငါ ကန်တင်းလာတာမှန်သွားတယ် ကျိုးသခင်လေးက ကန်တင်းရောက်နေတယ် "
"ထူးထူး ဆန်းဆန်းနော်"
ကောင်မလေး နှစ်ယောက်က ကျိုးမိုရှန်း ရဲ့ ကန်တင်းလာခြင်း မလာခြင်း အကြောင်းကို ဆွေးနွေးနေစဉ် ဇာတ်လိုက်မဘက်တော်သားတွေက လာပြီး
"ဘာလို့ရမှာလဲ ပင်းနန်နဲ့ အတူစားဖို့ လာတာဘဲဖြစ်မှာ" ဆိုပြီး ဝင်ပြောသည်

ကန်တင်းရဲ့ အပေါ်ထပ် တစ်နေရာတွင်

ကျိုးမိုရှန်းသည် သူ့ သူငယ်ချင်းနှစ်ယောက် နဲ့ အတူထိုင်နေသည် ကျိုးမိုရှန်း၏ မျက်လုံးများသည် တစ်နေရာသို့ စူးရဲစွာ စိုက်ကြည့်နေလေသည်
ကျိုးမိုရှန်း(ဇာတ်လိုက်)၏ရှေ့တွင် ထိုင်နေသော ကောင်လေးနှစ်ယောက်သည် ကျိုးမိုရှန်းလောက် မချောရင်တောင် သူတို့ ပုံစံနဲ့ သူတို့တော့ ဘာဘီလေးတို့ရဲ့ နှလုံးသားကို ပိုင်ဆိုင်ကြသည်။ ကျီယွီနဲ့ ကုရန်လီတို့ နှစ်ယောက်ကတော့ ခေါင်းချင်းဆိုင်ပြီး gameကို အပြိုင်အဆိုင်ဆော့နေကြလေသည်
"ဟေ့ကောင် မင်းသတ်လေ ကွာ "
"ဒီမှာ သွေးကုန်နေpကွ "
ကျီယွီမှ " ဟာ သေသွားပြီ မင်းကိုငါသတ်လို့ပြာသားဘဲ"
ဆိုပြီး သူ့phoneမှတစ်ဆင့် တစ်ဖက်လူရဲ့ ဖုန်းသို့ ခေါင်းစောင်းကြည့်လိုက်သည်
ကုရန်လီကတော့ သူ့ ဖုန်းကိုသာ အာရုံစူးစိုက်မှု အပြည့်နဲ့ ဂိမ်းဆက်ဆော့နေသည်  
ထိုအခါမှ အရှေ့က ကျိုးမိုရှန်း တိတ်နေတာကို ကျီယွီကသတိထားမိပြီး ကြည့်လိုက်တော့ တစ်နေရာကိုကြည့်နေလေသည် မိုရှန်းကြည့်နေတဲ့ နေရာသို့ ခေါင်းလှည့်ကြည့်လိုက်တော့
လူတွေအုံနေတဲ့ နေရာတခု အပေါ်ထပ်ကဆိုတော့ အလယ်ကိုရှင်းရှင်း လင်းလင်းမြင်ရသည် အလယ်တွင် ကောင်လေးတယောက် ဘယ်သူလဲတော့ သေသေချာချာ မမြင်ရပေမယ် ပုံသဏ္ဍာန်ကတော့ တော်တော်ကြည့်ကောင်းသည် ထိုကောင်လေးရဲ့ရှေ့မှာတော့ ကောင်မလေး တချို့ရှိတယ် ကြည့်ရတာ ပြဿနာဖြစ်နေပုံဘဲ ဘာအကြောင်းဘဲဖြစ်ဖြစ် စိတ်ဝင်တစားမရှိတတ်တဲ့ ကျိုးမိုရှန်းလိုသခင်လေးက စိတ်ဝင်တစား ကြည့်နေတယ် .......
ဒါသတင်းထူးဘဲ! !!!!!

အရန် ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းSystemحيث تعيش القصص. اكتشف الآن