'' Promise ''
Song composer: Yixing
Lyric writer: Jongdae
Rapper: Chanyeolတခါတလေ မျက်ဝန်းတွေကို မှိတ်ထားပြီး
မင်းရဲ့အတွေးတွေထဲကို ရောက်လာချင်ခဲ့တယ်
မင်းလည်းပဲ ရင်းနှီးကျွမ်းဝင်နေတဲ့ ငါ့ရဲ့ပုံရိပ်တွေကို စိတ်ကူးနေလိမ့်မယ်
ကို့ရိုးကားယားငါ့ရဲ့လုပ်ရပ်တွေရှိပေမယ့်လည်း
မင်းငါ့ကို ချစ်နေဆဲပဲ
ဒါပေမယ့်...မင်းချစ်ဖို့ ငါ ထိုက်တန်သေးရဲ့လား
အမြဲတမ်းငါ့ကိုစောင့်နေခဲ့တဲ့ မင်း
နွေးထွေးတဲ့လက်တွေနဲ့ ပွေ့ဖက်ပေးတဲ့ မင်း
ဘယ်တော့မှ ငါမမေ့ပါဘူး
ငါတို့ဟာ တစ်ယောက်ထဲပါလို့ ပြောခဲ့ဖူးတဲ့အတိုင်း မင်းပျော်ရွှင်အောင်
ငါလုပ်ပေးပါမယ်
အချိန်တွေကုန်လွန်လာခဲ့လည်း...
ငါ့ကိုယုံကြည်ပေးဖို့ ဒီလိုအချိန်မှာ မေးချင်နေပေမယ့်
တောင်းပန်ပါတယ် ချစ်တယ်ဆိုတဲ့ စကားလုံးတွေကို ဖွင့်ပြောချင်ပေမယ့်လည်း
ငါ့နှလုံးသားထဲ တိမ်မြုပ်နေတယ်
ငါမင်းကိုပွေ့ဖက်ထားပြီး မင်းရဲ့လက်ကလေးတွေကို ကိုင်ထားပါမယ်
ငါ့နှလုံးသားကို ထုတ်ဖော်နိုင်ခဲ့ရင်
ငါ့ကိုယ်ငါ မင်းကိုပေးဆပ်ပါ့မယ်
ငါ မင်းကိုကာကွယ်ပေးချင်တယ်
ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ်....
အချိန်တွေကုန်ဆုံးလာတာနဲ့ အရာရာအဆင်ပြေသွားမှာပါ
အားလုံးမေ့ပျောက်သွားမှာပါ...
ဒီစကားတွေက မင်းအတွက် နှစ်သိမ့်ရာမရောက်လို့
ငါထပ်ပြီးစိတ်မကောင်းဖြစ်မိတယ်
မသွားပါနဲ့ ငါ မင်းကိုဆွဲထားချင်ပေမယ့်လည်း
တစ်ခါက ပျက်ယွင်းဖူးခဲ့တဲ့ ကတိတွေကြောင့်
ငါ့အပေါ်ယုံကြည်ဖို့ ခက်ခဲနေမယ်ဆိုတာ သိပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှုသံတွေ ဘဝတွေအတူမျှဝေပြီး
ထာဝရ မင်းနဲ့အတူနေထိုင်သွားချင်တယ်
အရင်ကလိုပဲ ငါတို့ပျော်ရွှင်ဖို့ ဆုတောင်းနေမိတယ်
ကျေးဇူးတင်ပါတယ် တောင်းပန်ပါတယ် မင်းကိုချစ်တယ်
ငါ့ရဲ့အရာအားလုံး မင်းကိုပေးထားခဲ့တယ်ဆိုရင်တောင်
မလုံလောက်ပါဘူး ချစ်သူ
ငါ့ဘဝတစ်ခုလုံး မင်းကိုကာကွယ်သွားမယ်
ဟုတ်တယ်...ဒီအတိုင်းလေးပဲ ငါနဲ့လိုက်ခဲ့ပေးပါ
အမြဲတမ်းငါ့ကိုစောင့်နေခဲ့တဲ့ မင်း
ရှေ့ဆက်လျှောက်ပါ...ကျေးဇူးတင်ပါတယ်
ဘယ်တော့မှ မင်းကိုငါ မမေ့ပါဘူး
ငါတို့ဟာ တစ်ယောက်ထဲပါလို့ ပြောခဲ့ဖူးတဲ့အတိုင်း မင်းပျော်ရွှင်အောင်
ငါလုပ်ပေးပါမယ်
ခက်ခဲကြမ်းတမ်းပြီး ပင်ပန်းနေပေမယ့်လည်း
စင်ပေါ်ကို ငါ နောက်တစ်ကြိမ် ပြန်တက်မှာပါ
နောက်တစ်ကြိမ်...ငါ့ကိုစောင့်နေခဲ့ရတဲ့ မင်းအတွက် ငါကိုယ်တိုင် သတ္တိတွေပေးပြီး...
ငါမင်းကိုပွေ့ဖက်ထားပြီး မင်းရဲ့လက်ကလေးတွေကို ကိုင်ထားပါမယ်
ငါ့နှလုံးသားကို ထုတ်ဖော်နိုင်ခဲ့ရင်
ငါ့ကိုယ်ငါ မင်းကိုပေးဆပ်ပါ့မယ်
အဲ့ဒီလိုပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေ
ငါ့ရဲ့မွေးနေ့ စင်မြင့်ပေါ် မင်းနဲ့အတူ ကုန်ဆုံးခဲ့ဖူးတယ်
ငါ့ကိုခွန်အားတွေဖြစ်စေတဲ့
မင်းရဲ့စကားလေးတစ်ခွန်း....
ငါကတိပေးပါတယ်....
ငါ့ကိုလည်း ကတိပေးပါ....
(very 1st time translation Lyrics...After I listen ''Promise'' it become one of my Fav Exo Song