My little hubby

821 53 19
                                    

"တားတားကြီးလာရင်​ တီတီ့ကိုယူမှာ"

သုံးနှစ်​အရွယ်​ က​လေး​သေး​သေး​လေး က ယွန်းငယ်​လက်​ကို ကိုင်​ရင်း​ပြောတယ်​.....​မေ​မေနဲ့ ​ဘေးအိမ်​က အန်​တီ​လေးတို့ကပြုံးစိစိ...

က​လေး​လေးကပါး​ဖောင်း​ဖောင်း​လေး​တွေနဲ့ လက်​တုပ်​တုပ်​​လေး​တွေရှိတယ်​...ရီလိုက်​ရင်​ချိုင့်​ခွက်​သွားတဲ့ ပါးချိုင့်​ခပ်​​သေး​သေး​လေးက က​လေး​လေးရဲ့ပါး​ပေါ်မှာရှိ​နေတယ်​...အင်း..က​လေး​လေးက တကယ်​ချစ်​စရာ​လေး....

"တီတီ​ရေချိုး​ပေး"

က​လေးငယ်​က ယွန်းငယ်​ကို သိပ်​ကပ်​တယ် တချိန်​လုံးတီတီ တီတီနဲ့ ဆိုင်​ကယ်​ဟွန်းသံနဲ့မှား​လောက်​​အောင်​ တချိန်​လုံး ရွတ်​​နေတတ်​တယ်​..မသိရင်​ ဟွန်းကြီးမျိုချထားတဲ့အတိုင်း...

"တီတီနဲ့တူတူအိပ်​မယ်​"

ညဘက်​​ရောက်​တိုင်း​ခေါင်းအုံးကြီးဆွဲလို့ ​ရောက်​​ရောက်​ချလာတတ်​တဲ့ က​လေးငယ်​က ပုတုတုလုံးတုံးတုံး​လေး ပါးတစ်​ဖက်​ကိုဖျစ်​ညှစ်​လို့ ကုတင်​​ဘေးကို ပုတ်​ပြတယ်​....​ဘေးက ကပ်​လို့ ရင်​ထဲတိုးဝင်​တဲ့က​လေး​လေးကို ယွန်းငယ်​က​ပွေ့ဖက်​လိုက်​တယ်​ က​လေး​လေးဆီက baby mildနံ့​လေးက ခပ်​သင်းသင်း​လေး...​မွှေး​နေ​ရောပဲ....

"တီတီ​ကျောင်းလိုက်​ပို့"

ငါးနှစ်​အရွယ်​က​လေးငယ်​ရဲ့ မူကြိုတက်​ချိန်​မှာ ပထမဆုံး​ကျောင်းကို လိုက်​ပို့​ပေးခဲ့ရတာဟာ သူ့​မေ​မေလဲမဟုတ်​​ဖေ​ဖေလဲမဟုတ်​ပဲ ယွန်းငယ်​ပဲဖြစ်​တယ်​....

"တီတီ ထမင်းခွံ့​ပေး"

ပါးစပ်​ထဲထမင်းလုတ်​ထည့်​​ပေးလိုက်​​တော့ပါး​လေး​ဖောင်း​နေ​အောင်​၀ါး​နေတဲ့က​လေးငယ်​ဟာချစ်​စဖွယ်​အတိ....ပါးစပ်​​တွေမှာ ဟင်းအဆီ​တွေ​ပေ​ရေ​နေတဲ့က​လေးငယ်​ ဟာ တကယ့်​ကိုအသည်းယားစရာ ၀လုံး​လေး....

"တီတီ စာအတူလုပ်​ရ​အောင်​"

ဝလုံး နဲ့ ကကြီး​လောက်​​ရေးတဲ့က​လေး​လေးက စာအတူလုပ်​ချင်​သတဲ့...ခုံ​ပေါ်တက်​လာတဲ့ က​လေး​လေးက အရပ်​မမှီပါဘူး....​​နောက်​ရက်​​တွေက စလို့ ယွန်းငယ်​ခုံမှာ ခုံအရှည်​တစ်​လုံးတိုးတယ်​.....

You've reached the end of published parts.

⏰ Last updated: Jul 11, 2021 ⏰

Add this story to your Library to get notified about new parts!

My Little Hubby[completed]Where stories live. Discover now