”သေလောက်အောင် ချစ်တဲ့ ဒီဇိုင်းနဲ့ နေ့တိုင်းလူကို လာရှုပ်နေပြီး ”
ချန်းယောလ် စိတ်အလိုမကျတာ သုံးရက်ရှိပြီ ။ ဘာကို စိတ်တိုင်းမကျနေမှန်းကို မသိဘူး ။
အိမ်ကလူတွေကိုတောင် အော်အော်ထုတ်နေတတ်လို့ အိမ်အကူတွေဆို သူ့ကိုရှောင်တဲ့အထိကို ကြောက်နေကြပြီ ။
စိတ်အလိုမကျတဲ့အကြောင်းကို ဘာမှန်းသိသည်။ ဒါပေမဲ့ ပါးစပ်က ထုတ်မပြောနိုင်ဘူး ။
မဟုတ်ဘူးလို့ တင်းခံနေတဲ့ စိတ်လေးက သုံးရက်မြောက်မှာတော့ အတိအလင်းပေါက်ကွဲလာ၏ ။ဟုတ်ပါတယ် ။ ချန်းယောလ်ရှေ့ ဘတ်ဟျွန်းပေါ်မလာတာ သုံးရက်ရှိပြီ ။ သူ့အိမ်ခေါ်တာကို ငြင်းလိုက်ထဲက ဘတ်ဟျွန်းပျောက်သွားတော့တာ ။ နားငြီးအောင်ခေါ်တဲ့ ဖုန်းကောလ်တွေလည်း မရှိတော့ဘူး ။ လွတ်လပ်သွားတယ်လို့ တွေးမိပေမဲ့ ချန်းယောလ်စိတ်က မလွတ်လပ်ပြန်ဘူး ။ ကျောင်းပြန်ရင် ကားမှီထားရင်း သူထွက်အလာကို စောင့်နေမဲ့လူများ ရှိနေမလား နေရာစုံလိုက်ကြည့်ပေမဲ့ ဘတ်ဟျွန်းမှ မရှိတာ ။
”ဗြောင်ဘတ်ဟျွန်းက တကယ့်ပြသာနာပဲ ”
အလကား သူအပျင်းပြေသွားလို့နေမှာ ။
ကားမယူလာတဲ့ ချန်းယောလ်က စိတ်ရှုပ်ရှုပ်နဲ့ ဘတ်စ်ကားသာတက်စီးလိုက်တယ် ။&&&&& U. N. C. O. V. E. R
ဒီနေ့က Sunday ဖြစ်သလို ချန်းယောလ် ကျောင်းပိတ်ရက်....
ဗြောင်ဘတ်ဟျွန်းလည်း အလုပ်မသွားလောက်ဘူးမလား...ဒီကိစ္စကို ရှင်းမှဖြစ်တော့မည်။
ကြာရင် လူက တနှံ့နှံ့နဲ့ ဒေါခွီနေရမှာ ။ သူများကို ဒုက္ခပေးပြီး ဘယ်လိုဘယ်ပုံရှိနေမလဲ မသိတဲ့ ဗြောင်ဘတ်ဟျွန်း ရဲ့ အခြေအနေကို သိချင်စမ်းပါဘိ။အိမ်ကို လိုက်ခဲ့ပါလား ပြောတုန်းက ဘူးခံငြင်းခဲ့ပြီး အခုမှ အိမ်ပိုင်ရှင်ခွင့်ပြုချက်မရှိပဲ သွားဖို့လုပ်နေတဲ့ ချန်းယောလ်က တကယ်လူဆိုးကောင်လေးပင် ။
မေမေ့ကို အပူကပ်ကာ ဘတ်ဟျွန်းအမေ့ကို ဖုန်းဆက်စေပြီး သိလာရတဲ့ ဘတ်ဟျွန်းအိမ်စီ ချန်းယောလ်ရောက်နေသည်။
ခြံပေါက်ဝမှာပဲ ရပ်နေတဲ့ ချန်းယောလ်က အထဲကို ဝင်ဖို့ အချက်မပြသလို လုံခြုံရေးကလည်း သတိထားကြည့်နေ၏ ။

أنت تقرأ
Uncover <Completed>
أدب الهواةချစ်တဲ့စိတ်ကို မဖုံးကွယ်တော့ဘူးမလို့ ခင်ဗျားဘက်က ဆက်ချစ်ပေးပါဦး ChanBaek