"မင်္ဂလာပါ စာရေးဆရာ ဝမ်ရိပေါ်ရှင့်...ကျွန်မတို့က
×××သတင်းဌာနကပါ...စာရေးဆရာ ဝမ်ရိပေါ်
ကို*အမှတ်တရတွေကို မျှဝေခြင်း*ခေါင်းစဉ်နဲ့
interview လာတာပါရှင့်....""ဟုတ်ကဲ့...ကျွန်တော်ကမိဘမဲ့ဂေဟာမှာကြီးပြင်းလာတာဆိုတော့ ဘဝမှာ အမှတ်တရဆိုတာ မရှိသလောက်ရှားပါတယ်....ဒါပေမယ့်...ကျွန်တော် နာမည်ရခါစက
တောင်ပေါ်မြို့လေးတစ်မြို့မှာစာသွားရေးခဲ့ဖူးတယ်
အဲဒီမှာ အမှတ်တရလေးနဲ့ ဘဝရဲ့အရေးပါဆုံးလေး
တွေ့ခဲ့တယ်ပေါ့ဗျာ....."ခပ်တည်တည်နေတတ်တဲ့ စာရေးဆရာ ဝမ်ရိပေါ်ရဲ့
မျက်နှာမှာ ထူးထူးခြားခြားပေါ်လာတဲ့ အပြုံးနုနုလေးကို အံ့ဩစွာကြည့်ရင်း ဇာတ်လမ်းလေးမှာ စီးမြော
လိုက်ကြတယ်....・゜゜・.・゜゜・.・゜゜・.・゜゜・
နွေ နွေဦး ဆောင်း ဆောင်းဦး စတဲ့ရာသီမရွေး အမြဲ
တမ်းမြူဆိုင်းလို့ အေးမြနေတဲ့ တောင်ပေါ်မြို့လေးရဲ့
တောင်ပတ်ကားလမ်းမမှာ ကားဖြူလေးတစ်စီးက
ပြေးလွှားလျက်......ကားထဲမှာက ဆံနွယ်အညိုရောင်လေးကို စတိုင်ကျကျ
ဖြီးသင်ထားကာ တီရှပ် လက်ရှည်အဖြူကို ဂျင်းနက်နဲ့
လိုက်ဖက်စွာ ဝတ်ဆင်လို့ ရွှေရောင်ကိုင်း မျက်မှန်လေး
အောက်က မျက်ဝန်းတို့ကတလက်လက် နီစွေတဲ့နှုတ်ခမ်းတို့က ဖြူနုတဲ့ မျက်နှာထက်မှာ ပနံသင့်စွာ တင်းတင်း
စေ့လို့တည်တည်ငြိမ်ငြိမ်ကားမောင်းနေတဲ့ လူချောလေးဘေး
ကကောင်လေးကတော့ တပေါက်ပေါက်ဖောက်ရင်း
ပွစိပွစိနဲ့...."ရိပေါ်ရာ ဒီလောက်အေးစက်နေတဲ့ ဒေသကိုမင်းမို့
ပြောင်းလာတယ်...ကြည့်ဦး ဆောင်းတွင်းတောင်မ
ရောက်သေးဘူး....မြူတွေကဆိုင်းလို့...ကျောချမ်း
စရာကွာ....""ဝမ်ဟောက်ရွှမ်း ..မင်းပါးစပ်မညောင်းသေးဘူးလား
ကွာ...တစ်လမ်းလုံးပေါက်ပေါက်ဖောက်နေတာ
နားတွေလည်းငြီးနေပြီ....ပါးစပ်မပိတ်ရင် ငါမင်းကို
ကန်ချခဲ့တော့မှာနော်..."ခပ်တင်းတင်းပိတ်ဟောက်လိုက်တော့ ငြိမ်သွားပါပြီ
ခဏတာပေါ့..."ရိပေါ်..."
"ရား...ဝမ်ဟောက်ရွှမ်း...."
"မင်းကလည်းကွာ..ပျင်းတယ်ဟ တိတ်ဆိတ်နေတာကို...."
YOU ARE READING
The Curse of my love
Short StoryMovie တစ်ခုကြည့်ပြီး စိတ်ကူးရသွားတာမလို့ ကြိုးစားရေးထားပါတယ်.... ဖတ်ကြည့်ပြီး အပျင်းပြေကြပါစေဗျ Movie နာမည်မမှတ်မိတော့ပေမယ့် #crd ပါ.... ဇာတ်လမ်းဇာတ်ကွက်တွေ တစ်ခုမှမတူပါဘူးဗျ ဇာတ်ကောင်ရဲ့ မျက်လုံးချင်းဆုံမရတဲ့ပုံကိုပဲ ယူထားတာပါ Movie တစ်ခုြကည့်ြပီး...