For - AmaraPxyu2004
Story by Author- May
Cover photo-
( UNICODE )" ငါ မင်းကိုချစ်တယ် ကျန့်််ကျန့် "
" ရိ...ရိပေါ် "
" ငါ့ကို အဖြေပေးပါ ကျန့်ကျန့် "
" ငါ..ငါမသိဘူး ငါ..ငါသွားပြီ "
အိမ်ထဲပြေးဝင်သွားတဲ့ ကျန့်ကျန့်နောက်ကျောလေးကို ကြည့်ရင်း ရိပေါ်အသည်းယားလာတယ်။ဒီနေ့က ရိပေါ်တို့အထက်တန်း နောက်ဆုံးနှစ်တွေ ပထမနှစ်ဝက် စာမေးပွဲဖြေပြီးတဲ့နေ့။ဒီနေ့မှာ သူကျန့််််ကျန့်ကို ဖွင့်ပြောဖို့ စီစဥ်ထားခဲ့တာ။
ငယ်ငယ်ကတည်းက လည်ပင်းဖက် ပေါင်းလာတဲ့ သူငယ်ချင်းတွေမို့ သူဖွင့်ပြောလိုက်ရင် ကျန့်ကျန့်နေရခက်မယ်ဆိုတာ သူသိတယ်။ဒါပေမဲ့ ရိပေါ်ရဲ့ နှလုံးသားလေးက ကျန့််ကျန့်ဆီမှာ ကြွေကျလွန်းလို့ ရောဂါတော်တော်ကျွမ်းနေပြီ။ဒါတောင် ယုန်ငတုံးလေးက မသိဘူး။သူတို့နဲ့တူတူကြီးလာတဲ့ ကျိုးချန်နဲ့ ကျိရန်တောင် သိနေတာကို ယုန်ငတုံးလေးတစ်ယောက်တည်း မသိတာ။ဒီနေ့တော့ ယုန်လေးစိတ်ကြိုက်စဥ်းစားပါစေ၊ ရိပေါ်မွေးနေ့ကျရင်တော့ မရရအောင် အဖြေတောင်းမယ်လို့ စဥ်းစားထားတယ်။ရိပေါ်မွေးနေ့က နောက်လမှ။ဒါပေမဲ့ ရိပေါ်ဒီလောက်တော့ စောင့်နိုင်တယ်။
အိမ်ထဲကို ပြေးဝင်လာပြီး အပေါ်ထပ်ကို တဒုန်းဒုန်းနဲ့ တက်သွားတဲ့ ကျန့်ကျန့်က မားမားရဲ့ ဆူသံတွေကိို မကြားတော့ဘူး။အခန်းတံခါးပိတ်လို့ မွေ့ယာပေါ် ကွေးကွေးလေးထိိုင်နေမိတယ်။
/ ရိ...ရိပေါ်က သူ့ကိုဖွင့်ပြောသွားတာတဲ့လား။ ယောက်ျားလေး အချင်းချင်းကိုလေ ကျန့်ကျန့်လေး လိုက်မမှီတော့ဘူး။ /
YOU ARE READING
One Shots for YiBo's Birthday
RomanceWinner နှစ်ယောက်အတွက် One Short လေးနှစ်ပုဒ်ပါ။ Winner နှစ်ယောက်ကတော့ " Amarapxyu2004 နဲ့ " ShineLay100209 တိို့ပဲဖြစ်ပါတယ်။ Winner နှစ်ယောက်လုံးရဲ့ One Shot လေးတွေမှာဘယ် Winner အတွက်ဆိုတာလေးတွေ ပါပါတယ်။ ဝင်ကြည့်ကြည့်လိုက်ပါ။ #May Winner နှစ်ယောက်အတ...