𝚘𝚗𝚎 🌼

7.9K 569 54
                                    

Unicode🖤

‌သာယာတဲ့မနက်ခင်းလေးတစ်ခုမှာ မသာယာနိုင်တာက Kimအိမ်တော်ကြီး.....

" ပန်းအိုးကို ဟိုဘက်ရွေ့လိုက် မဟုတ်ဘူးလေ ဒီဘက် အေး ဟုတ်ပြီ "

" ဂျောင်ဂုကီရေ "

" ဗျာ အိမ်တော်ထိန်း "

" သခင်ကြီးရဲ့ အခန်းကို သွားရှင်းလိုက်ပါလား အခြားသူတွေကို မခိုင်းချင်လို့လေ မင်းက သန့်သန့်ရှင်းရှင်းလုပ်တတ်တယ်လေ "

" ဟုတ် ဂုကီ အခုပဲ သွားလုပ်လိုက်ပါ့မယ် "

" အေးအေး ဟုတ်ပြီ သန့်သန့်ရှင်းရှင်းလုပ်နော် ဂုကီလေး "

" ဟုတ်ကဲ့ "

အက်လိုပြောပြီး ဂုကီလေး တစ်ယောက်အိမ်ပေါ်ပြေးတက်သွားတယ်.....

" ဝါးးးး အခန်းက အကျယ်ကြီးပဲ ဟွန့် အက်တာကို ငါတစ်ယောက်ထဲ ရှင်းရမှာပေါ့ "

Kimအိမ်တော် အလုပ်ရှုပ်နေခြင်းက ဒီနေ့သူတို့ရဲ့ သခင်လေး Kim Taehyung ရုရှားက ပြန်ရောက်မှာ ဖြစ်သည်

ဂုကီ အခန်းရှင်းရင်းစဉ်းစားနေတာ
သခင်လေး Kim Taehyung ဆိုတာ နာမည်ပဲကြားဖူးတာ မမြင်ဖူးဘူး ဘာလို့လဲဆိုတော့ သခင်လေးက 15နှစ်အရွယ်မှာ ရုရှားမှာရှိတဲ့ သူ့ ဦးလေး ဆီကို ပညာတော်သင်ထွက်သွားတာ ဒီနေ့ ပြန်ရောက်မယ်ပြောလို့ အခုလို Kimအိမ်တော်မှာ အလုပ်ရှုပ်နေရခြင်းဖြစ်သည်

အခန်းရှင်းပြီးတော့ သီချင်းလေးတညီးညီးနဲ့ အောက်ထပ်ပြေးဆင်းလာတာ လှေကားထစ်ကိုကျော်ပြီးဆင်းမိတာ ချော်ကျပါလေရော

" Like it up Like Dyna အားးးးးး Omma "

ချော်လဲသွားလို့ နာသွားတဲ့ ခြေထောက်လေးကို ငိုမဲ့မဲ့လေးနဲ့ ကိုင်နေတုန်း အရှေ့မှာ လာရပ်တဲ့ shoeဖိနပ်တစ်စုံ မော့ကြည့်လိုက်တော့ ........

ဂုကီ အပေါ်တက်သွားပြီးမကြာဘူး အိမ်ရှေ့မှာ BMW Carအမဲရောင် တစ်စီးရပ်လာတယ် ထိုကားကိုမြင်သည်နှင့် တစ်အိမ်လုံးမှာရှိတဲ့ အစေခံတွေ တံခါးမကြီးမှာ နေရာယူလျက်........

Taehyung တစ်ယောက် မရောက်တာကြာပြီဖြစ်တဲ့ အမိမြေကြီးရဲ့ လေကို ၀အောင်ရှုရှိုက်လိုက်သည် ထို့နောက် သူ့ကို လာကြိုတဲ့ လူကို အိတ်တွေပေးပြီး သူက အရှေ့ကနေသွားလိုက်သည် လေယာဉ်ကွင်းက ပျိုမဒီလေးတွေ အားလုံးရဲ့ အာရုံကို ဖမ်းစားနေတဲ့ သူ ရုပ်ရည်ရော အရပ်အမောင်းရော ကောင်းလွန်းတာကြောင့် လည်ပြန်ငေးကြည့်နေတဲ့ သူတွေ အများအပြား

𝐌𝐲 𝐋𝐨𝐯𝐞𝐥𝐲 𝐇𝐨𝐮𝐬𝐞𝐦𝐚𝐢𝐝 🤎🌼Where stories live. Discover now