<zawgyi>
Crossing~
Ch-5: "ပြန်ကော ရောက်ဦးမှာလား"
'ချူးဝမ်နင်းရေ'
'ချူးဝမ်နင်း ငါ့ကိုပြန်ပြောဦး'
'ချူးဖေး'
'မော့ကတော်ရေး'"Geလက်တွေနီနေပြီလေ။ မရေးနဲ့တော့"
Feiyu အားရပါးရထိုင်ကုတ်နေတဲ့ Yunxiကို လှမ်းသတိပေးလိုက်ရတယ်။သူရောက်လာပြီးကတည်းက Chu Wanningနဲ့ အဆက်အသွယ်မရတော့ဘူး။
Geနဲ့ Chu Wanning ဆက်သွယ်ထားတာပျက်သွားတာလား...
ဒါမှမဟုတ် Taxian Junကပဲ ဟိုဘက်ရောက်,ရောက်ချင်းခုန်အုပ်လိုက်လို့ ပြန်မဖြေနိုင်တာလား...?"မဟုတ်သေးပါဘူး!
ငါ့ကိုပြန်လဲပေးရမယ့်ဟာကို ဘာလို့မင်းကိုပါထပ်ပို့လိုက်ရတာလဲ?"
Geကတော့ စိတ်အတိုကြီးတိုနေတယ်။
"Taxian Junကို ဟိုဘက်ခေါ်ပြီးဘာလုပ်ကြမလို့လဲ? ငါတို့ကမ္ဘာက သကြားလုံးစက်ရုံသိမ်းခိုင်းမလို့လား?"ဒါတော့ ဘုရားပဲသိမယ်။
Feiyuကတော့ သူ့မျက်နှာနဲ့ချွတ်စွပ်တူနေတဲ့Taxian Junကြီး ရိုက်ကွင်းမှာ ဓားယမ်းပြီးလိုက်မေးနေမှာကိုပဲမြင်ယောင်နေမိတယ်။
ဒီနေ့ သူတယောက်တည်းရိုက်ကွင်းရှိတာလေ... အဲ့တော့ ဟိုဘက်ရောက်ရောက်ချင်း Chu Wanningကိုဘယ်တွေ့ပါ့မလဲ။'ငါ့ဝမ်နင်းကိုဖွက်ထားတာ မင်းလား?'_ဆိုပြီး တွေ့တဲ့staffကို ပြေးလိုက်ပြီးမေးနေလောက်မလား?
Chu Wanningကို ရှာတွေ့လို့ပဲ ခုန်အုပ်နေပြီလား?လူချင်းပြန်လဲရင်တောင် သူ့မှာ အမှုတွေတန်းစီပြီးကျန်ခဲ့လောက်တယ်။
Staffကို ဓားနဲ့လိုက်မှု၊
ပိုင်နက်ကျူးလွန်မှု၊
Geကို ခုန်အုပ်မှု၊
...
ဘယ်နှစ်မှုရှိလောက်ပါလိမ့်?
ဒါလည်း ဘုရားပဲသိလိမ့်မယ်။"မင်း ဝိတ်ချနေတာမဟုတ်လား? ဒါတွေက အဆီများတယ်။ မစားနဲ့"
ကိုယ့်အမှုကိုယ်ရေလို့မဆုံးတာနဲ့ ရှေ့ကပန်းကန်ဆီက တူနဲ့နှိုက်တုန်းရှိသေး...
Yunxiမြင်သွားပြီး သူ့တူကို လက်နဲ့တားလိုက်တယ်။"ဟုတ်"
Feiyu စကားနားထောင်ရင်း ဟင်းဖတ်ကိုပြန်ချလိုက်တယ်။
ပြီးတော့ အရွက်ပန်းကန်ဆီ တူပြန်ရွယ်လိုက်တယ်။နောက်ဆုံး... ပြန်မလဲရင်တောင် သူဆရာလုပ်လို့ရမယ့်လူရောက်လာပြီလေ။
Yunxi နည်းနည်းတော့ ကျိတ်ပျော်မိတာပေါ့။
YOU ARE READING
~Crossing~
FantasyChu Wanning အချိန်နှစ်ခုကြားကတံခါးကိုဖွင့်ရာက အစီအရင်လွဲသွားပြီး Luo Yunxiနဲ့ နှစ်ယောက်သားလူချင်းလဲသွားသောအခါ... Chu Wanning အချိန်နှစ်ခုကြားကတံခါးကိုဖွင့်ရာက အစီအရင်လွဲသွားပြီး Luo Yunxiနဲ့ နှစ်ယောက်သားလူချင်းလဲသွားသောအခါ...