-၂-

472 75 0
                                    

အပိုင်း(၂)

မင်းတို့နှစ်ယောက် ငါ့လောင်းရိပ်အောက်က ထွက်နိုင်မယ့်
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မယ့်တစ်နေ့

အဖေဖြစ်သူကျောက်ကော်ကန်းမှာ အခုထိအိမ်ပြန်မရောက်သေးချေ။ ယောင်းယွမ်ကတော့ အစောကြီးကတည်းက ထန်ရွေ့ခန်းကို ဆင်ခြေပေးဖို့ ရှာထားပြီးသား။ မတော်လို့သာ သူ့အဖေက ထန်ရွေ့ခန်းအပြင်မှာ ဘယ်လောက်ကြာကြာ စောင့်ခဲ့ရကြောင်း၊ သူ့ကိုလည်းလာမကြိုကြောင်း စသည်စသည်တွေသာ သိသွားရင်တော့လား။ အနှီထန်ရွေ့ခန်း မြို့တက်လာခဲ့သည်က အလုပ်ရှာမလို့ဖြစ်မည်ဟု ယောင်းယွမ်က မှတ်ယူထားသည်။ ဘာလို့ဆို အလယ်တန်းမှာ ပိုက်ဆံရှာဖို့ ကျောင်းထွက်ခဲ့ရသူမို့ပင်။ ပြောရရင်တော့ဒါဟာ ရွာဓလေ့လိုတောင် ဖြစ်နေပါပြီ။ ရွာသားတွေဆိုတာ သူ့လိုပဲမြို့တက်လာပြီး အလုပ်လုပ်ဖို့ နေရာရှာကြသည်ပဲလေ။

အရင်ကလာနေတဲ့ အမျိုးတွေလိုတော့ အနှီထန်ရွေ့ခန်းက ဘာမှမလုပ်ပဲအိမ်မှာအခန့်သားနေ၊ စားလိုက်သောက်လိုက်၊နေလို့ဝရင်ပြန်သွားမယ့်လူမျိုးတော့ မဟုတ်တန်ရာ။

မြို့တက်လာတဲ့ အနှီတောသားရဲ့ ရည်ရွယ်ချက်ကို သေချာစောင့်ကြည့်ထားရမယ်။

အခုနေတဲ့ ယောင်းယွမ်တို့တိုက်ခန်းက  တော်တော်ကြီးကိုကောင်းသည်။ အောက်သားကြမ်းပြင်ကိုခင်းထားတဲ့ ကျွန်းသားက အဲ့ဒီအချိန်အဲ့ဒီအခါတုန်းက ရှန်ကျန်းမှာ အတော်ကိုရှားသည့် အသားဖြစ်သည်။ ထို့ကြောင့်ပင် တိုက်ခန်းအတွင်းသို့ ဝင်လာသည့်အခါမှာ ထန်ရွေ့ခန်းက အနည်းငယ်တော့ တန့်သွားလေ၏။ အဝင်ဝမှာ ဖိနိပ်ချွတ်ထားပြီး၊ ခြေလက်သန့်စင်လိုက်ပါ၏။ ပြီးစီးသွားတဲ့အခါ ထန်ရွေ့ခန်းက ထိုင်ခုံပေါ်ထိုင်ကာဖြင့် ပြောလာလေ၏။

" ဉီးကြီးပြန်မရောက်သေးဘူးလား? "

" မနက်တုန်းက အလုပ်များမယ်လို့ပြောသွားတာဆိုတော့ အပြန်နောက်ကျလိမ့်မယ် ''

ယောင်းယွမ်က သူ့အဖေလုပ်သလို၊ အပြုအမူမျိုး အသံတုလုပ်ပြလေ၏။ ရေနွေးကရားအိုးက ပွက်ပွက်တူနေချေပြီ၊ ဖန်ခွက်ဆေးကာဖြင့် လက်ဖက်ရည်ဖျော်သည်။

တွယ်ငြိလေသော||王子病的春天•မြန်မာပြန်||Where stories live. Discover now