လရောင်ဖြာတဲ့ အလွမ်းညဆိုတာ ဒါမျိုးလား.....
လရောင်ရဲ့ မပြီပြင်ဝိုးတဝါး အလင်းရောင် သက်ဆင်းနေတဲ့ အခန်းရဲ့ ဝရံတာမှာ ကြယ်တွေ မစုံတော့တဲ့ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ပျောက်ဆုံးသွားတဲ့ ကြယ်လေးကို ရှာဖွေနေမိတဲ့သူ....
သူရှိရာအရပ်ကို မထွန်းလင်းတော့တဲ့ ကြယ်လေး...တပါးသူရှိရာမှာ လင်းလက်နေမယ့် ကြယ်လေး... တချိန်ကမှစ အခုချိန်ထိတိုင် ချစ်နေရပါသော ဂျောင်ကု ...
မီးခိုးငွေ့တန်းလေး ထွက်နေပါသော နီစစမီးလေးနဲ့ စီးကရက်ကို လက်ကြားညှပ်ကာ တစ်ဖက်က wiskey ခွက်ကို ဝေ့ရမ်းနေမိတယ်.....
သောက်လို့ကုန်သွားသည်လား မသောက်ပဲလေနဲ့လောင်ကျွမ်းရင်း ကုန်သွားလားမသိသော ဆေးလိပ်များအတွက် အစီခံများ ဆေးလိပ်ခွက်ထဲတွင် ဖွေးဖွေးလှုပ်လျက်....
အမြည်းမပါပဲ ရေခဲခွက်တစ်ခုနဲ့သာ သူ wiskey တွေ သောက်နေတာမြင်ရင် ဂျောင်ကုဆိုတဲ့ ကောင်လေးက လာပြီး ဆူဆဲဦးပါ့မလား.... ဒါမှမဟုတ် မသိသလိုပဲ နေသွားမလား...
ဘယ်အရာတွေက ဘယ်နားက စတင်မှားယွင်းသွားလဲမသိ... သူ့အချစ်ကို မမြင်ခဲ့သော... မမြင်ချင်ယောင်ဆောင်ခဲ့သော ဂျောင်ကုလေး အခုလောက်ဆို ရှမ်ပိန်ဖောက်ရင်း ဂုဏ်ပြုညစာစားပွဲကို ကျင်းပနေလောက်ရောပေါ့
ဆော့ဂျင် ဖန်ခွက်ထဲက wiskey ကို တစ်ကြိုက်ထဲမော့ချလိုက်ပြီး ခါးသက်တဲ့အရသာတို့က လည်ချောင်းသို့ ဖြတ်သန်းကာ စီးဆင်းသွားလေရဲ့.... အရက်ရဲ့အခါးက ဂျောင်ကုလေးရဲ့ သူ့အချစ်ကို မသိသလိုနေခဲ့တဲ့ အခါးထက် ပိုနိုင်ပါဦးမလား...
မျက်ရည်စတို့က တလိမ့်လိမ့်စီးဆင်းလာတော့ လေပြေလေးက မငိုပါနဲ့လို့ ချော့နေသယောင် တိုက်ခတ်သွားသေးရဲ့...
မျက်လုံးတို့ကို စုံမှိတ်ပြီး မနက်က အကြောင်းများပြန်စဥ်းစားတော့ ပြုံးပျော်နေတဲ့ ဂျောင်ကုကြောင့် ဝမ်းသာပေးရမလား... ဒါမှမဟုတ် သူမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ရှိနေတာမို့ ဝမ်းနည်းရမလား...