နောက်ဆုံးတော့ နင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာသက်သေပြနိုင်ခဲ့ပြီ။ ပေးဆပ်လိုက်ရတာလား... အင်း... တန်ပါတယ်။ညအမှောင်ဓုကို ကြယ်တွေနှင့် ခြယ်သထားသည်မှာ ပန်းချီကားတစ်ချပ်လိုပင်။ ဝိုင်နီ၏ရနံ့ဟာလည်း နာမည်ကြီးတဲ့ Renion ဘားမှာ မြူးမြူးကြွကြွ ကခုန်နေသည်။
စွဲမက်ဖွယ်ကောင်းသော ဝိုင်နီကြောင့် ရိုးရှင်းတဲ့ အပြင်ဆင်သာရှိတဲ့ ဘားတစ်ခုဟာ နာမည်ကြီးနေပါရဲ့။အနက်ရောက်ပိုးဂါဝန်နှင့် ဝင်လာသည့် သူသည် အများအာရုံကို တခန အတွင်းရရှိသွားလေသည်။
မဲ့အနက်သုံးလုံးသည် မောင်ရင်ဆိုင်းထမ်းကြယ်အစုအဝေးကဲ့သို့ ညာလက်မောင်းတွင် ထည်ဝါစွာ ထင်ရှားနေသည်။ဒေါက်သံတို့သည် ခုံနေရာတစ်ခုမယူပြီးခင်အထိ ခြေလမ်းစိပ်စိပ်တို့အတိုင်း ညီညာစွာ ထွက်ပေါ်လာသည်။
"A glass of Renion red wine please"
နီညိုရောင်နှုတ်ခမ်းနီကို ပြေပြေလေ နှုတ်ခမ်းပေါ်တွင်ဆိုးထားသော သူမ သည် barman ကို မြင်ရသည့် ပုံနှင့် ကွဲလွဲစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ size က"
"တော်ပါ။ One jar ချ"
သူမ ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း အေးဆေးပြောလိုက်သော်လည်း Barman မှာတော့ မျက်လုံးပြူးသွားရသည်။
ခွက်တစ်ခွက်တွင် Alcohol 40% ပါသော Rinion Red Wine သည် ဘားတွင် နာမည်အကြီးဆုံးနှင့် တခွက်သောက်လျှင် ရီဝေဝေ နေစေနိုင်သော ကို one jar ဆိုတော့။ Wine လို့သာပြောတာပါ အရက်နှင့်မခြား။"ဒီက ဧည့်သည်ခင်ဗျ"
"မြန်မြန်။ သောက်ကြည့်ချင်နေပြီ။"
စကားကို ဖြတ်ပြောကာ သူမက စားပွဲခုံကို အနက်ရောင်လက်သည်းတို့ဖြင့် တောက်နေသည်။
Barman ကောင်လေးက ဘာမှမပြောတော့ဘဲ သူမ ပြောသည့်အတိုင်းသွားပြင်ဆင်နေသည်။
"ရပါပြီခင်ဗျ"
"ကျေးဇူးပါ"
လိုချင်တာရသွားသည့်ကလေးငယ်ပမာ ထွက်ပေါ်လာသော အပြုံးချိုချိုတို့သည် ထိုအပြုံးကိုမြင်သူတိုင်း အေးချမ်းပါစေသား ဟုတောင်းဆုပြုထားဟန်။ ကောင်လေးက ပြုံးမိသွားသည်။
YOU ARE READING
To The Moon And Back
Short Storyတဖြောက်ဖြောက်ကျနေတဲ့မိုးတွေနဲ့ ကောင်းကင်ပေါ်မှာ ထွက်နေတဲ့ လ က ကဗျာယိမ်းအောင် လှတယ်။ ဒါပေမယ့်.....