Zawgyicode
အတိတ်တချို့ကို မြေလှန်ကြည့်ကြမလား...အဲ့ဒီအတိတ်တွေကို ပြန်သွားကြည့်ရင်တော့ သူတို့နှစ်ယောက်ရဲ့ လှပတဲ့ အမှတ်တရ နယ်ပယ်တို့က ကြိုဆိုပါသည်ဆိုသော ဆိုင်းဘုတ်ကို ဦးစွာတွေ့ရလိမ့်မည်...
"Hyung...''
"Jungkookie....''
ခေါ်တာချင်း တူသွားတာမို့ သူတို့တယောက်မျက်နှာ တယောက်ကြည့်ပြီး ရယ်လိုက်ကြသည်...
"Lamb Kebab သွားစားရအောင်လို့ ပြောမလို့လား...''
"Hyungလဲ အတူတူပဲမို့လား...''
သူပြန်မေးလိုက်တော့ Hyungကလဲ ပြုံးရင်းခေါင်းငြိမ့်ပြသည်...
"သွားကြစို့လေ...''
"အွန်း...မြန်မြန်သွားကြတာပေါ့...''
လက်ဆန့်တန်းပေးလိုက်တော့ Hyungက သဘောပေါက်စွာ သူ့လက်ကိုဖမ်းဆွဲ ဆုပ်ကိုင်လာသည်...မိမိလက်ဖဝါးပြင်ထဲ ရောက်ရှိလာသည့် ထိုလက်လေးကို သူအနမ်းဖွဖွ ခြွေလိုက်သည်...
ပြန်ရသည်ကတော့ Hyungဆီက နူးညွတ်တဲ့အကြည့်တို့ပေါ့...
"Jungkookieက အရွယ်ရောက်လာပြီ...''
သူ့ဘက်ကိုလှည့်လို့ နှုတ်ခမ်းပါးပါးကို အတန်ငယ်ဆူပြီး ပြောလာတာမို့ သူရယ်လိုက်သည်...
"ကျွန်တော်အရွယ်ရောက်လာတော့ ဘာဖြစ်လို့လဲ Hyungရဲ့...''
"ဘာဖြစ်ရမှာလဲ...ငယ်ငယ်ကလို Hyungထက် ခန္ဓာကိုယ်မသေးတော့ ရင်ခွင်ထဲထည့်ပြီး ဖက်ထားလို့မှ မရတော့တဲ့ဟာ....''
Hyungက အဲ့လိုပဲ...အမြဲတမ်း သု့ကိုကလေးတယောက်လို ဆက်ဆံချင်တာ...အရင်ကတော့ Hyungအဲ့လိုပြုမူတိုင်း ပျော်နေတတ်ပေမဲ့ ဆယ့်ရှစ်နှစ်ကျော်သွားလို့ပဲလား...
Hyungအပေါ် ကလေးတယောက်လို ဆိုးချင်တာထက် Hyungအားကိုးရတဲ့ ချစ်သူတယောက်အဖြစ်သာ ရပ်တည်ချင်လာသည်....
"Hyung....''
ကားရပ်လိုက်တာနဲ့ ခပ်တိုးတိုးခေါ်လိုက်တော့ Hyungက မျက်လုံးလေးဝိုင်းပြီး လှည့်ကြည့်လာသည်...
"မှတ်ထားနော်...ကျွန်တော်တို့က Soulmateတွေ...''
Hyungလက်ချောင်းလေးတွေကြားထဲ သူ့လက်ချောင်းတွေ ထိုးထည့်ရင်း စူးစိုက်ကြည့်၍ဆိုတော့ ကွေးညွတ်လာသည့် နှုတ်ခမ်းပါးက လှရက်လွန်းနေ၏...

ESTÁS LEYENDO
YOonKOok-Layer
Fanficမြတ်နိုးရာလေးအား ဤတွင် စုစည်းသည်~ ယွန်းနှင့်ကူးဟူသော လူသားလေးနှစ်ယောက်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ရပ်ဝန်းအတွင်းဝယ် ရှိနေ၏...။ OTP-YOONKOOK:SUGAKOOKIE ♡ #YOUR LITTLE HUMAN D ♡ မြတ်နိုးရာလေးအား ဤတွင် စုစည်းသည်~ ယွန်းနှင့်ကူးဟူသော လူသားလေးနှစ်ယောက်သ...