#(warning ⚡)

4K 139 4
                                    

စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ပီး ပတ်၀န်းကျင်ကိုခပ်ဆေ‌ွးဆွေးကြည့်တယ်။ အရာရာက ရူးချင်စရာဖဲ ။ ခေါင်းထဲက အတွေးတင်မက မြင်လေရာမှာပါ သူမ မျက်နှာလေး။
ပြတ်သားတယ် မဟုပ်ဖူး ကျမကို ရက်စက်သွားတာ။ အချစ်တစ်ခုကို 6 နှစ်ကြာအောင် ပုံဖော်ခဲ့ရပီးမှ လွယ်လွယ်လေး ဖျက်ဆီးသွားတာ။

"Sh*t စောက်ရေးထဲမှ ဒီမီးခြစ်က လဲ"

လီဆာ တောင်ကုန်းပေါ်မှာ တစ်ယောက်ထဲ ရူခင်းကြည့်ရင်း ဆေးလိပ်လာဖွာတယ် ။ ကြိုက်လို့ မဟုတ်ဖဲ ခံစားချက်တွေ လေထဲလွင့်သွားအောင်လို့။ မေ့ဖို့ကြိုးစားရင်း အခါခါ သတိရမိတဲ့
သူမ မျက်၀န်းလေးတွေ ကလေးလိုချစ်ဖို့ကောင်းတဲ့အမူအယာတွေ စိတ်ကောက်ရင် နူတ်ခမ်းဆူပီး ချစ်ဖို့ကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေ။ဒါ လမ်းခွဲပီး ၂နှစ်ကြာနေပီလို့ပြောရင် ခများတို့ ယုံနိုင်မလား။ကျမ
အသက်၁၀နှစ်မှာ သဘောကျမိတဲ့ကောင်မလေးက ၁၅နှစ်ရောက်တေ့ာကျမကို ဖွင့်ပြောခဲ့တယ်။ ဘယ်သူက ဘယ်လို စချစ်ခဲ့ရလဲ မသေချာပေမဲ့ အချစ်ကို ပုံဖော်ထုဆစ်ခဲ့တာ ၆နှစ်။ အခုဆို ကျမ အသက် ၂၃။မွေးနေ့မှာအရင်လို သူမက ကျမ အနားမရှိဖူး။ အရာရာအကုန်သည်းခံချစ်ပေးခဲ့တာ သူမအတွက်မလုံလောက်ဖူးထင်တယ်။
Flash back.............

"လီလီ ရေ လီလီ မထသေးဖူးလား

" နိုးနေပီ မား မျက်နှာသစ်နေတာ

..ရေချိုးခန်းထဲမှာ မျက်နှာသစ်ပီး ထွက်လာတဲ့ လီဆာ ကို မေ က မျက်မှောင်ကျုံ့ ကြည့်သည်။

"မိန်းကလေးဖြစ်ပီး ဘီးကုတ်ကို ဘယ်လို ပန်ထားလဲ လီဆာ

"ဟီး ဆံပင်ရေစိုမှာဆိုးလို့ပါ
ထိပ်ကနေစုပီးနောက်လှန်တင်ထားတဲ့ လီလီကို မေမေ က ပြောရင်း မနက်စာစားဖို့ပြင်နေသည်။

"မား ဟိုဖက် အခန်းက လူသစ်ပြောင်းလာတာလား

" ဟုပ်တယ်မနက်ကတောင်မုန့်လာပို့ပေးသွားတယ်
သမီးက အိပ်ပုတ်ကြီးနေလို့ မတွေ့လိုက်တာ single momတဲ့ သူ့သမီးလေးက လီလီနဲ့ရွယ်တူလောက်ဖဲ ချစ်စရာလေး ပါးဖောင်းဖောင်းလေးနဲ့

ဒီတခါ မျက်မှောင်ကျုံ့ရသူက လီဆာ

"မားက ကိုယ့်သမီးထက်လှတယ်ထင်နေတာပေါ့ ဟုပ်လား

Mine(Complete)Where stories live. Discover now