လမ်းခွဲပီးတဲ့ အချိန်မှာ ခံစားရတဲ့ အလွမ်းကြောင့် အချိန်တွေက ပိုကြာတယ်။ လီလီဟာ ဘယ်တုန်းကမှ ကျမကို ရှင်းပြဖို့ အရေးမပါဖူး တွေးပုံရတယ်။ မပြတ်သားတာက နာကျဉ်ရလို့ ပြတ်သားလိုက်တေ့ာလဲပိုဆိုးတာဖဲ။
ကျမတို့ ကြားမှာ ပွင့်လင်းမှုမရှိလို့ ပိုဝေးသွားတာထင်တယ်။ အချစ်ဆိုတာ Telepathyရှိယုံနဲ့အဆင်မပြေနိုင်ဖူးလေ။ချစ်တာ တစ်ခုဖဲသိတဲ့ကျမက အကြိမ်ကြိမ် သူ့အရပ်မှာ ရှုံးတယ်။ အ့ာတာကြောင့်လဲ သူနေချင်သလိုနေပီး သူ ချစ်တယ်ပြောလိုက်ရုံနဲ့ရတဲ့အရုပ်ကလေး ဖြစ်သွားရတာ။ကျမ လမ်းခွဲရတဲ့အကြောင်းရင်းကိုတောင် မမေးဖဲ သူထွက်သွားပေးတယ်။ ပျော်သင့်လား။
တခါတလေ အချစ်ခံရတယ်ဆိုတဲ့ အတွေး၀င်ပီး
တခါတလေ အပစ်ခံရတယ်လို့မြင်တယ်။ အချစ်က ဒီလိုဖဲပြောင်းလဲတတ်တယ်လား။ 6နှစ်ကြာပတ်သတ်မှုမှာ ပြန်တွေးကြည့် ရင် သူ့ဘက်က ဘာမှကြိုးစားခဲ့တာမရှိဖူး။ ကျမကိုဆက်သွယ်ဖို့မကြိုးစားဖူး။ ကျမ ကို ချစ်ဖို့မကြိုးစားဖူး။ ကျမကဖဲ စချစ်ပီး ကျမကဖဲဆက်ချစ်သွားရတယ်။ သူ ပျော်သလိုနေတာ ပိုလွတ်လပ်အောင် ပါရမီဖြည့်လိုက်တယ်။
ကိုယ်ရှိရှိ မရှိရှိ မင်းကတေ့ာပျော်နေနိုင်သားဖဲ လီလီ။
လမ်းခွဲတာ ကိုယ်ဖြစ်ပီး လွမ်းဆွေးနေရတာလဲ ကိုယ်ပါဖဲ။။။။။။။။။။။။။။
လမ်းခွဲပီး တစ်ပတ်မြောက်နေ့တောင်ကုန်းလေးဆီလမ်းလျောက်ခဲ့တယ်။ လီလီက ထိုင်းကိုပြန်သွားတယ်တဲ့။ ဒီနေ့က သူ့မွေးနေ့လေ ။တောင်ပေါ်က တဲလေးမြင်တေ့ာ ကိုယ်တို့အချစ်ညလေးတောင်သတိရမိသေးတယ်။ ဆေးလိပ်တွေ သောက်နေတဲ့ကျောပြင်လေးက လီလီကို အမှတ်ရစေတာဖဲ။ မဟုပ်ဖူး အ့ာတာ လီလီဖဲ။ လီလီက ငိုတယ်။ ပတ်၀န်းကျင်ကြီးကို ကြည့်ပီးတေ့ာ။ရှုံးပွဲချငိုတာမျိုးမဟုပ်ပေမဲ့ ။ တစစကျလာတဲ့ မျက်၀န်းထက်က မျက်ရည်ကို လက်ဖမိုးနဲ့သုတ်ရင်း။
၀င်လာတဲ့ဖုန်းကို ထုတ်ပီးဖြေတယ်။
သစ်ပင်အကွယ်ယူပီး နားထောင်နေတဲ့ ဂျန်ကိုတောင် သတိမထားမိတဲ့ထိ လီလီဟာ တွေးငေးနေတယ်။
"ဟယ်လို ဂျီဂျီ
"ဟင် လီ ငိုနေတာလား
"အင်း
YOU ARE READING
Mine(Complete)
Fanfic😒😒😒😒😒 ဟုပ်တယ် ဂျန်ပိုင်တာ❣️ လီလီက ဂျန်ပိုင်ဆိုင်တာလို့ ❣️❣️❣️❣️❣️❣️