Ep(1)

2.7K 97 0
                                    


Unicode """"""

       

ဒေါ်လေးရှောင်ယွီ"  ရှောင်ကျန့် ဟဲ့ရှောင်ကျန့် နင်မထသေးဘူးလား

ဒေါ်လေးရှောင်ယွီဆိုတာ ရှောင်ကျန့် ရဲ့အဒေါ်ပါ ရှောင်ကျန့် မားရဲ့
ညီမပေါ့နော် ရှောင်ကျန့် ပါးနဲ့မားကတော့ရှောင်ကျန့်15နှစ်သားအရွယ်
ထဲကဆုံးသွားရှာပြီးပါးနဲ့မားဆုံးသွားတော့သူ့အဒေါ်ကသူ့ကိုကျွေးမွေး
စောင့်ရှောက်ထားတာပေါ့စောင့်သာစောင့်ရှောက်ထားတာရှောင်ကျန့် ကိုလုံးဝမချစ်ဘူး အမျိုးဆိုတော့ပစ်ထားလို့မကောင်းတာနဲ့အိမ်ပေါ်
ခေါ်တင်ထားရတာပေါ့

ရှောင်ကျန့်" ဗျာ ထ ထပါပြီး

ဒေါ်လေး " ဒီနေ့နင်အလုပ်မသွားဘူးလား

ရှောင်ကျန့်"ကျွန်တော် ဒီနေ့ နေမကောင်းလို့  မသွားနိုင်တော့ဘူး
ဒေါ်လေး

ဒေါ်လေး" ဟဲ့ အပိုတွေလုပ်ပြမနေနဲ့  နင်အလုပ်မသွားရင်
ငါတို့ဘာနဲ့စားကြမလဲ

ရှောင်ကျန့်" ဒါဆို ကျွန်တော် အခုပဲသွားလိုက်ပါ့မယ်

ရှောင်ကျန့်လည်းအလုပ်ကိုမနိုင်တစ်နိုင်သွားလိုက်ရသည်
ရှောင်ကျန့် ကအချိန်ပိုင်းအလုပ်နှစ်ခုလုပ်တာပါ
မနက်7နာရီ မှညနေ4နာရီ ထိ စားသောက်ဆိုင်မှာစားပွဲထိုးလုပ်တယ်
ညနေ4နာရီခွဲမှ ည11နာရီ ထိကုန်စုံဆိုင်မှာအလုပ်လုပ်တယ်
လခထုတ်တော့လည်း သူ့ဒေါ်လေးပဲအကုန်ယူသည်

အလုပ်ထဲရောက်တော့
သူဌေး" ရှောင်ကျန့် ဒီနေ့အလုပ်နောက်ကျတယ်နော်

ရှောင်ကျန့် " တောင်းပန်ပါတယ် သူဌေး နောက်ဒီလိုမဖြစ်စေရပါဘူး

သူဌေး" ရပါတယ်  ကွာ အလုပ်သွားလုပ်တော့

ရှောင်ကျန့် "ဟုတ်ကဲ့

ခဏနေတော့ လူသုံးယောက်ထမင်းဆိုင်ထဲဝင်လာသည်

သူဌေး" ရှောင်ကျန့် ဟိုမှာစားသုံးသူတွေလာပြီး မီနူးသွားချပေးလိုက်
ဦး

ရှောင်ကျန့် " ဟုတ်ကဲ့

အကိုတို့ ဘာသုံးဆောင်ကြမလဲ ဒီမှာမီနူးပါ
(ရှောင်ကျန့် လည်းမီနူးကိုချပေးလိုက်ပြီး စာအုပ်နဲ့ဘောပင်ကိုင်
ပြီးသူတို့နားမှာ စောင့်နေတာပေါ့)

❤ကိုကိုသာ ကျွန်တော့အပိုင်💚Where stories live. Discover now