Unicode """"""
ဒေါ်လေးရှောင်ယွီ" ရှောင်ကျန့် ဟဲ့ရှောင်ကျန့် နင်မထသေးဘူးလား
ဒေါ်လေးရှောင်ယွီဆိုတာ ရှောင်ကျန့် ရဲ့အဒေါ်ပါ ရှောင်ကျန့် မားရဲ့
ညီမပေါ့နော် ရှောင်ကျန့် ပါးနဲ့မားကတော့ရှောင်ကျန့်15နှစ်သားအရွယ်
ထဲကဆုံးသွားရှာပြီးပါးနဲ့မားဆုံးသွားတော့သူ့အဒေါ်ကသူ့ကိုကျွေးမွေး
စောင့်ရှောက်ထားတာပေါ့စောင့်သာစောင့်ရှောက်ထားတာရှောင်ကျန့် ကိုလုံးဝမချစ်ဘူး အမျိုးဆိုတော့ပစ်ထားလို့မကောင်းတာနဲ့အိမ်ပေါ်
ခေါ်တင်ထားရတာပေါ့ရှောင်ကျန့်" ဗျာ ထ ထပါပြီး
ဒေါ်လေး " ဒီနေ့နင်အလုပ်မသွားဘူးလား
ရှောင်ကျန့်"ကျွန်တော် ဒီနေ့ နေမကောင်းလို့ မသွားနိုင်တော့ဘူး
ဒေါ်လေးဒေါ်လေး" ဟဲ့ အပိုတွေလုပ်ပြမနေနဲ့ နင်အလုပ်မသွားရင်
ငါတို့ဘာနဲ့စားကြမလဲရှောင်ကျန့်" ဒါဆို ကျွန်တော် အခုပဲသွားလိုက်ပါ့မယ်
ရှောင်ကျန့်လည်းအလုပ်ကိုမနိုင်တစ်နိုင်သွားလိုက်ရသည်
ရှောင်ကျန့် ကအချိန်ပိုင်းအလုပ်နှစ်ခုလုပ်တာပါ
မနက်7နာရီ မှညနေ4နာရီ ထိ စားသောက်ဆိုင်မှာစားပွဲထိုးလုပ်တယ်
ညနေ4နာရီခွဲမှ ည11နာရီ ထိကုန်စုံဆိုင်မှာအလုပ်လုပ်တယ်
လခထုတ်တော့လည်း သူ့ဒေါ်လေးပဲအကုန်ယူသည်အလုပ်ထဲရောက်တော့
သူဌေး" ရှောင်ကျန့် ဒီနေ့အလုပ်နောက်ကျတယ်နော်ရှောင်ကျန့် " တောင်းပန်ပါတယ် သူဌေး နောက်ဒီလိုမဖြစ်စေရပါဘူး
သူဌေး" ရပါတယ် ကွာ အလုပ်သွားလုပ်တော့
ရှောင်ကျန့် "ဟုတ်ကဲ့
ခဏနေတော့ လူသုံးယောက်ထမင်းဆိုင်ထဲဝင်လာသည်
သူဌေး" ရှောင်ကျန့် ဟိုမှာစားသုံးသူတွေလာပြီး မီနူးသွားချပေးလိုက်
ဦးရှောင်ကျန့် " ဟုတ်ကဲ့
အကိုတို့ ဘာသုံးဆောင်ကြမလဲ ဒီမှာမီနူးပါ
(ရှောင်ကျန့် လည်းမီနူးကိုချပေးလိုက်ပြီး စာအုပ်နဲ့ဘောပင်ကိုင်
ပြီးသူတို့နားမှာ စောင့်နေတာပေါ့)