အနေအထားစိမ်းသက်ပြီးမှ သွားရမဲ့ အလည်အပတ်မလို့ စိတ်ထဲလေးဖင့်နေသည်။ သူတို့ တစ်ပတ်လုံး မတွေ့ခဲ့ကြပါ ။ ချန်းယောလ်ဘက်က ဖုန်းတစ်ကောလ်မှ မဆက်ကြည့်ဖူးပေမဲ့ ဘတ်ဟျွန်းကလည်း လာမတွေ့ပါ ။
မွန်းကြပ်လိုက်တာ...
လူကို အမြဲစိတ်တိုအောင်လုပ်တယ်..
ပြောချင်ရာပြောမိပြီးရင်လည်း စိတ်ထဲနေရခက်အောင် လုပ်သေးတယ် ။ဗြောင်ဘတ်ဟျွန်းက မကောင်းလိုက်တာ...
ငယ်ငယ်က ကိုကိုက အလိုလိုက်သလောက် ဒီလူကတော့ စိတ်တိုအောင်ပဲ လုပ်တတ်တယ်...”ချန်းယောလ် တက်လေ”
သတိပေးခေါ်သံအကြားမှာ လေးဖင့်နေတဲ့အတွေးတွေကို ထားခဲ့ပြီး ကားပေါ်ပဲ တက်လိုက်တော့တယ် ။ မနှောင့်ယှက်ဘူး ပြောထားတာမလို့ ပျော်ပျော်ကြီးသာ နေပစ်လိုက်တော့မယ် ...
သူပစ်ထားရင် ကိုယ်လည်း ပစ်ထားမယ်..။...
ချန်းယောလ်တို့ ဒီဇိုင်းမေဂျာက သူငယ်ချင်းတစ်စုရဲ့ အလည်အပတ်ကားလေးက ဆူညံနေသည်။
”အခန်း ကြိုတင်ယူပြီးပြီလား ”
ဝေပေးထားတဲ့ လိမ္မော်ရည်ဘူးကိုဖောက်လိုက်ပြီး ချန်းယောလ်မေးလိုက်တော့ ဝူဆော့က မရေမရာနဲ့
”ယူတော့ယူထားတာပဲ
သေချာမသိသေးပါဘူးကွာ ”လို့ဖြေလာသည်။ကောင်မလေးတစ်ယောက်ဆူလိုက်တာနဲ့ ချန်းယောလ်က ဖြေတဲ့စကားကိုသေချာမကြားလိုက်ရဘူး...။
&&&&& U. N. C. O. V. E. R
အအေးဓာတ်က နည်းနည်းသီသည်။
နှင်းတွေနဲ့ ပြည့်နေတဲ့ ကွင်းကြီးကိုမြင်တော့ သူငယ်ချင်းတစ်စုက ထအော်ကြရော ။
ချန်းယောလ်လည်း ပျော်ပါသည်။တက်ကြွနေတဲ့ အုပ်စုက ဟိုတယ်ထဲဝင်ပြီး အခန်းယူဖို့ လုပ်ကြတော့၏ ။
အရာအားလုံးဟာ ဒီထိအကောင်း..”အားနာပေမဲ့ အခန်းမရတော့လို့ပါ ”
ကောင်တာကဝန်ထမ်းကောင်လေးရဲ့စကားမှာ အကုန်လုံးက အဆူဆူအညံညံဖြစ်ကုန်ကြသည်။
ပျော်ရွှင်နေတဲ့စိတ်တို့က ဖျက်ဆီးခံလိုက်ရပြီး
လှည့်ပြန်ရတော့မှာလားပဲ..
![](https://img.wattpad.com/cover/275913980-288-k69683.jpg)
YOU ARE READING
Uncover <Completed>
Fanfictionချစ်တဲ့စိတ်ကို မဖုံးကွယ်တော့ဘူးမလို့ ခင်ဗျားဘက်က ဆက်ချစ်ပေးပါဦး ChanBaek