Unicoad
Dimple's Garden
ဒီနေ့ကျွန်တော့်အသက် ၂၅ ပြည့်တာမလို့ဘုရားသွားရန်ဆုံးဖြတ်ထားသည်။ ဘုရားကပ်ဖို့ပန်းကတော့စိတ်ပူစရာမရှိ....
ခြံထဲကလိုသလောက်ခူးသွားနိုင်တာကြောင့်ပါ။ရေမချိူးခင်အရင်ဆုံး တစ်ပွင့်နဲ့တစ်ပွင့်သူထက်ငါအပြိုင်အဆိုင်အလှချင်းယှဥ်နေကြတဲ့ ကျွန်တော့်ရဲ့ပန်းခြံလေးထဲဆင်းလာခဲ့လိုက်သည်။ ဘုရားပန်းကပ်ရန် အရောင်မျိူးစုံရှိတဲ့ပန်းတွေထဲကမှ အဖြူရောင်ပန်းတို့ကိုသာမျက်စိကျနေတာကြောင့်ထိုပန်းကိုသာ တစ်အိုးစာခူးပြီးရေခနစိမ်ထားလိုက်တော့သည်။
ပြီးမှရေမိုးချိူးအဝတ်အစားလဲကာ ရေစိမ်ထားတဲ့ပန်းတွေကိုသေချာစည်းနှောင်ပြီးဘုရားကိုထွက်လာခဲ့လိုက်တော့သည်။
ငါးမိနစ်လောက်ဆိုင်ကယ်မောင်းပြီးနောက်မှာတော့ ကျွန်တော်ဘုရားကိုရောက်လာခဲ့တော့သည်။ မနက်စောစောမို့ဖြစ်မည် လူသွားလူလာက သက်ကြီးရွယ်အိုအနည်းငယ်သာရှိနေသည်။ ဒါလဲပိုအဆင်ပြေပါသည်။ ဘုရားပေါ်ရောက်တာနဲ့ အလိုလိုအေးချမ်းသွားရသလို အရာအားလုံးလဲငြိမ်းချမ်းသွားသည်လို့လဲခံစားမိပါသည်။ ခံစားချက်တွေကောင်းတယ်ဆိုတဲ့သဘောပေါ့ဗျာ။
ကျွန်တော် ဘုရားကန်တော့ ပန်းကပ် ဘုရားကိုရွှေချပြီး ဘုရားရင်ပြင်တော်ဘက်ကိုလေညှင်းခံရန်ထွက်လာခဲ့သည်။ ကျွန်တော်လေညှင်းခံနေတုန်း ရင်ပြင်အနောက်ဘက်ကအသံတစ်ချိူ့ကြားရတာကြောင့် အနည်းငယ်စပ်စုချင်တာနဲ့သွားကြည့်လိုက်မိသည်။ ကောင်လေးတစ်ယောက်နဲ့ကောင်မလေးပါ ကြည့်ရတာအတွဲတွေဖြစ်ဖို့များသည်။ ကောင်မလေးကကျောပေးထားတာကြောင့်မျက်နှာတော့မမြင်ရ ဟိုကောင်လေးကတော့ ရှပ်အစင်းလေးကိုလက်ခေါက်ဝတ်ထားပြီးပုဆိုးလေးနဲ့ကြည့်ကောင်းသည်ဟုဆိုရမည်။ ကျွန်တော်ကြည့်နေတုန်းမှာပဲ
"ဖြောင်း.... !"
ဟုတ်ပါသည်။ ကောင်မလေးကအားနဲ့ကိုလွဲရိုက်သွားတာ။ ကောင်လေးကတော့ခပ်အေးအေးနဲ့ အရိုက်ခံရတဲ့ပါးကိုလက်နဲ့ပွတ်သပ်ပြီးရပ်နေလေရဲ့။ ကျွန်တော်လဲသူရှက်သွားမည်စိုး၍ထိုနေရာကအမြန်ထွက်လာခဲ့လိုက်သည်။ ရုတ်တရက်ဆိုတော့ကျွန်တော်ပင်လန့်သွားသည်ကအမှန်ပါ။