Unicoad
မျက်နှာချင်းဆိုင်က ကောင်လေး...(normal)
တောင်ပေါ်ဒေသက ကျွန်မဟာ ဒီနေ့မှာတော့ မြေပြန့်ဒေသဖြစ်တဲ့ ကျောက်ဆည်ဘက်ကို တာဝန်နဲ့ပြောင်းလာခဲ့ရသည်။ တာဝန်ဆိုပေမဲ့ အစိုးရဝန်ထမ်းမဟုတ်ပါဘူး။ ရုံးလုပ်ငန်းတစ်ခုရယ်ပါ။
ရာထူးက အလယ်အလတ်ဖြစ်တာကြောင့် ဝန်ထမ်းတွေတွက်ပြုလုပ်ပေးထားတဲ့အိမ်ရာမှာမဟုတ်ဘဲ အထက်လူကြီးနဲ့မန်နေဂျာတို့သာအနားယူအပန်းဖြေလေ့ရှိတဲ့ နှစ်ထပ်အိမ်ကြီးမှာနေဖို့ခွင့်ပြုပေးခဲ့သည်လေ။
အိမ်ကြီးက လုံလုံလောက်လောက်ကြီးမားခိုင်ခံသည်။ လှတာထက်လဲပိုနေပြန်သည်။ အပေါ်ထပ်တစ်ခုလုံးကိုမှန်တွေနဲ့ပြုလုပ်ထားပြီး အောက်ထပ်ကိုတော့ ပြတင်းပေါက်တွေလောက်သာ မှန်တပ်ထားပြီး ကျန်တာကတော့အုပ်ချပ်တွေနဲ့သာစီခြယ်ဖန်တီးထားသည်။ အိမ်ကလမ်းဘေးမှာခြံဝင်းလေးနဲ့ ကဗျာဆန်ဆန်တည်ရှိနေသည်က ပန်းချီကားတစ်ချပ်အလား။
ကျွန်မရောက်ရောက်ချင်း အိမ်ပေါ်ထပ်တက်ပြီး အလင်းရောင်ရရန်နဲ့ လေဝင်လေထွက်ကောင်းစေရန် လိုက်ကာနဲ့ပြတင်းပေါက်တွေဖွင့်လိုက်သည်။ အိမ်နဲ့မျက်နှာချင်းဆိုင်မှာ နောက်ထပ် ဂန္ဓဝင်ဆန်ဆန်အိမ်တစ်လုံးကိုထပ်တွေ့ရပြန်သည်။ အတော်ခမ်းနားပါသည်။
လေကောင်းလေသန့်ရှူပြီးတာနဲ့ ပစ္စည်းတွေနေရာချ ဘာလုပ်ညာလုပ်နဲ့ အချိန်ကကုန်မှန်းမသိကုန်သွားခဲ့ပြန်ပြီလေ။ ခရီးလဲပမ်းလာတော့ ပါလာတဲ့မုန့်ခြောက်လေးအနည်းငယ်သာစားပြီး ရေမိုးချိူးအနားယူလိုက်တော့သည်။
----------
"အစ်မရေ....Cola ဗူးကြီးမရှိတော့ဘူးလားဟင် "
အိမ်အတွက်လိုအပ်တာလေးတွေဝယ်ဖို့ စျေးရှိရာဘက်ကိုထွက်လာပြီး ကုန်တိုက်တစ်ခုမှာ snack နဲ့ juice ဝယ်နေတုန်း Cola ဗူးကြီးကမရှိလို့မေးနေရပြန်သည်။
"ရေခဲစိမ်တော့မရှိတော့ဘူး ညီမလေး ရိုးရိုးပဲရှိတော့တယ် ယူမလား "
"ဟုတ်ကဲ့ ယူမယ်ရှင့် နှစ်ဗူးလောက်ပေးပါနော် "
"ဒါဆိုခဏနော် " တဲ့